Part - 5

3K 271 5
                                    

''ဒါ ဒါတွေက''

''Cookie တွေလေ ဟားဟား Kris မင်း Cookie မမြင်ဖူးတာတော့မဟုတ်ပါဘူးနော်''

Kris ရဲ့ အံ့သြနေတဲ့အမူရာကိုကြည့်ပြီး Sehun တစ်ယောက် Kris ကို စလိုက်တယ်

''Cookie မှန်းတော့သိတာပေါ့ Kai မင်းကိုဘယ်သူပေးတာလဲ ''

''သူငယ်ချင်းတစ်ယောက်ပါဆို''

Kris တစ်ယောက်ကတော့ Kai ရဲ့ အဖြေကိုသဘောမကျ သူကိုယ်တိုင်ပဲ Cookie တစ်ခုကိုယူစားကြည့်လိုက်ပီး

''ဒါ Baekhyun ပေးတာမှတ်လား''

Kris ရဲ့ တိကျလှတဲ့အမေးကြောင့် Sehun နဲ့ Yeol တို့နှစ်ယောက်လုံး Kai ရဲ့အဖြေကို စိတ်ဝင်တစားနားထောင်နေကြတယ်

''အင်းသူကငါ့ကိုခင်လို့ကျွေးတာလေ''

Kai ကတော့ မတုန်လှုပ်ပဲ Kris ကို အေးဆေးပဲအဖြေပြန်ပေးလိုက်တယ်

''မင်းတို့ကျောင်းတက်တာမှ နှစ်ရက်ထဲနဲ့ ဒီအခြေနေထိရောက်နေပီလား ဟိုတစ်ယောက်ကလည်း သူ့သူငယ်ချင်းအတွက်ဆိုပြီး နားရက်ကိုတောင် မနားပဲကြိုးစားပန်းစားနဲ့ လုပ်နေလိုက်တာမုန့်တွေကို''

Kris လည်းမကျေမနပ်နဲ့ပြောလိုက်တယ် Kai ကတော့လုပ်နေကြပုံစံအတိုင်း ပြန်မပြောနားမထောင် Sehun တစ်ယောက်ကတော့ မကျေမနပ်ဖြစ်နေတဲ့ Kris ကိုမေးခွန်းထုတ်လေရဲ့

''Kris မင်းကဘာလို့ မုန့်လေးတစ်ခု စားလိုက်ရုံနဲ့ Baekhyun ပေးတာမှန်း တန်းသိနေရတာလည်း ပြီးတော့ Baekhyun ကြိုးစားပန်းစားလုပ်တာကိုရော ဘယ်လိုသိနေတာလဲ''

''ဒါကတော့ ...''

Kris ရဲ့အဖြေကို Sehun နဲ့ Yeol တို့ အာရုံစိုက်နားထောင်နေကြတယ် ဘာကိုမှဂရုမစိုက်တတ်တဲ့ Kai လည်း မသိမသာနဲ့ သူ့မျက်လုံးက Kris ဆီရောက်နေတယ်

''အဲ့မုန့်လုပ်နေတုန်းက ငါသူ့အိမ်ရောက်နေတာ Appa နဲ့လိုက်သွားတာ ပြီးတော့ ငါသူ့ Cookie တွေလုစားခဲ့သေးတယ် အဲ့ဒါကြောင့်အရသာသိနေတာ''

''အော် အဲ့သလိုကိုး''

Sehun က ရွှတ်နောက်နောက်ပြောလိုက်ပေမယ့် ပွဲအစဆုံး ဘာမှဝင်မပြောပဲထိုင်နေတဲ့ Yeol တစ်ယောက်ကတော့

Our Friendship  [completed]Where stories live. Discover now