Part - 22

3K 261 22
                                    

နေ့တနေ့ရဲ့အစ ပင်လယ်ပြင်မှ ကောင်းကင်ယံဆီ ရောင်နီလုံးကြီးစတင်ထွက်ပေါ်ရန် ဟန်ပြင်နေလေရဲ့

တီတီ တီတီ

''Baek ဖုန်းလာနေတယ်မှတ်လား ဟင်းးးး မနက်အစောကြီးရှိသေးတယ်''

Baek ဘေးက Chen တစ်ယောက် အိပ်ချင်မူးတူးနဲ့ Baek ကိုနှိုးပီးပြန်အိပ်လိုက်တယ် Baek လည်း အိပ်ချင်မူးတူးနဲ့ဖုန်းကိုင်လိုက်တယ်

''Hello''

''Puppy လား အခုထိမထသေးဘူးလား မိုးလင်းနေပီလေ''

''Nae! Arr Chanyeol လား''

Baek တစ်ယောက် ဖုန်းနံပါတ်ကိုကြည့်လိုက်မှ Chanyeol မှန်းသိသွားတော့တယ်

''ကိုယ့်ချစ်သူအသံတောင်မမှတ်မိဘူးလား''

''Mianhae အစောကြီးရှိသေးတယ် ဘာဖြစ်လို့ဖုန်းဆက်တာလဲဟင်''

''ကိုယ့်ချစ်သူနဲ့အတူ သဲသောင်ပြင်မှာလမ်းလျှောက်ပီး နေထွက်တာကြည့်ချင်လို့ပေါ့ ထတော့နော် ကိုယ် Hotel အောက်ထပ်ကစောင့်နေမယ်''

''အင်း Baek မျက်နှာသစ်ပီး မြန်မြန်လာခဲ့မယ်နော်''

''အင်း Saranghae puppy mwah :*''

''Nardu mwah :*''

Baek တစ်ယောက် မနက်ခင်းကို ချစ်သူရဲ့အသံနဲ့ သာယာစွာ နိုးထလေရဲ့ မျက်နှာမြန်မြန်သစ်ပီးအင်္ကျီမြန်မြန်လဲကာ Chanyeol ဆီကိုအပြေးသွားလိုက်တယ်

''ဖြေးဖြေးလာပါ Puppy ရဲ့''

''Chanyeol စောင့်နေရမှာစိုးလို့လေ''

Chanyeol လည်း Baek ရဲ့ခေါင်းကို ကလေးတစ်ယောက်လိုပုတ်လိုက်ပီး

''Agieoo ချစ်ဖို့ကောင်းလိုက်တာ''

Baek ကတော့ခါတိုင်းလိုပဲ ရယ်ပြလိုက်ပီး

''အခုဘယ်ကိုအရင်သွားမှာလဲ''

''သောင်ပြင်ပေါ်လမ်းလျှောက်ပီး နေထွက်တာသွားကြည့်မယ်''

''အင်း''

Chanyeol လည်း Baek ပခုံးကိုဖက်ပီး နှစ်ယောက်အတူ သဲသောင်ပြင်ပေါ် လမ်းလျှောက်ကြတယ် ပြီးတော့ ကျောက်ဆောင်ပေါ်ထိုင်ရင်း နေထွက်လာတာကို အတူကြည့်ကြတယ် ဘေးပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်လျှက်ပေါ့ လှိုင်းပုတ်တဲ့အသံအပြင် ဘာမှမကြားရ အဲ့ဒီဒေသက လူတချို့ကတော့ ဆိုင်ဖွင့်ရန်ပြင်ဆင်နေရုံမှအပ ကမ်းခြေလာ ဧည့်သည်များကတော့ အိပ်စက်လျှက်ပေါ့

Our Friendship  [completed]Where stories live. Discover now