Part - 14

2.8K 259 9
                                    

မိုးဖွဲလေးတွေကျနေတဲ့ ကျောင်းပိတ်တဲ့နံနက်ခင်းတစ်ခုမှာပေါ့ Baek တစ်ယောက် Chanyeol လာခေါ်မယ်ဆိုတာကြောင့် အိမ်ပေါက်ကနေ စောင့်နေလေရဲ့ မကြာပါဘူး Chanyeol ရဲ့ ပြိုင်ကားလေးလည်း Baek ရှေ့ကိုရောက်ရှိလာလေရဲ့...

''မြန်မြန်ဝင် မိုးရေတွေ ထိုင်ခုံမှာ စိုကုန်လိမ့်မယ်''

Chanyeol အပြောကြောင့် Baek လည်း စောင့်စောင့်အောင့်အောင့်နဲ့ ကားထဲကို ဝင်ထိုင်လိုက်တယ်

''ဘယ်သွားမှာမလို့လဲ ကျောင်းပိတ်တာတောင် အိမ်မှာအေးဆေးမနေရဘူး''

''Kai တို့နဲ့ မုန့်စားမယ် ပီးရင် Shopping ထွက်မယ်''

''Kai တို့နဲ့ ? Soo ရောပါမှာလား''

''အင်း''

Chanyeol လည်းဘာမှဆက်မပြောတော့ပဲ ကားမောင်းပီးထွက်လိုက်တယ် Kai တို့နဲ့ ချိန်းထားတဲ့ Restaurant နားလည်းရောက်ရော သစ်ပင်တစ်ပင်အောက်ကို ကားထိုးရပ်လိုက်ပီး

''ရော့''

''ဒါက....ဘာလဲ''

Baek လည်း Chanyeol ပေးတဲ့ဟာကို ယူကြည့်လိုက်တော့ အင်္ကျီအနီရောင် အကွက်လက်တိုလေးဖြစ်နေတယ်

''လှလိုက်တာ Baek အတွက်လား gomawo ကောင်းကောင်းဝတ်ပါ့မယ်''

''အခုဝတ်''

''အခု?''

Baek လည်း Chanyeol ကိုတလှည့် အင်္ကျီကို တလှည့်ကြည့်ရင်း

''အခုဘယ်လိုဝတ်ရမှာလဲ အင်္ကျီလဲစရာ နေရာမှမရှိတာ''

''ကားနောက်ခန်းထဲမှာသွားလဲ''

''ဒီကားထဲမှာလဲရမယ်ဟုတ်လား Chanyeol ရှိနေတာကို''

''ငါကရှေ့မှာနေထိုင်တာ မင်းကိုယောင်လို့တောင်မကြည့်ဘူး ပြီးတော့ အပြင်ကလည်းကားထဲကို မမြင်ရဘူး စိတ်ချလက်ချနဲ့လဲ''

''အခု Baek ဝတ်ထားတာ ဘာအဆင်မပြေလို့လဲ''

Baek ဝတ်ထားတာက အနက်ရောင်ဇာအင်္ကျီလေးနဲ့ ဘောင်းဘီရှည်အဖြူကို တွဲဖတ်ဝတ်ထားတာလေ

''မင်းကိုယ်တိုင်လဲမလား ငါလဲပေးရမလား''

Baek လည်း Chanyeol စကားကြောင့် ကားနောက်ခန်းထဲကို မြန်မြန်ရွှေ့လိုက်ရတယ် Chanyeol က ပြောလို့ရတာမဟုတ်ဘူးလေ မထင်ရင်မထင်သဘိုလုပ်တတ်တော့ သူတကယ် အင်္ကျီလဲပေးမှဖြင့်

Our Friendship  [completed]Where stories live. Discover now