Part - 19

3K 275 16
                                    

အတန်း B မှ ကျောင်းသူကျောင်းသားအားလုံး ရှေ့ကဆရာသင်ကြားမှုကိုအာရုံစိုက်ပီး နားထောင်နေစဉ် ရုတ်တရက်ကျောင်းအုပ်ကြီး ရောက်လာခဲ့တယ် ကျောင်းသူကျောင်းသားတွေလည်း ကျောင်းအုပ်ကို နှုတ်ဆက်လိုက်ကြတယ်

''ကလေးတို့စာမေးပွဲလည်းဖြေတော့မှာဆိုတော့ စာမေးပွဲမဖြေခင် စိတ်ပေါ့ပါးအောင် ကမ်းခြေတစ်ခုကိုပို့ပေးဖို့ စီစဉ်ထားတယ်''

ကျောင်းသူကျောင်းသား အားလုံးကလည်း တစ်ယောက်တစ်ပေါက်နဲ့ တီးတိုးပြောရင်း အံ့သြနေကြတယ်

''အဲ့မှာပါတီပွဲကျင်းပပီး Game တွေဆော့ဖို့ပါ စီစဉ်ထားတယ် အစီစဉ်တွေကတော့ အများကြီးပဲ အဓိကက အိမ်ကနေခွင့်ပြုချက်ယူခဲ့ပြီး နောက်နေ့ကျရင် အတန်းပိုင်ဆရာမကို နာမည်စာရင်းပေးထားကြ ဟုတ်ပီလား''

''Nae''

အားလုံးက ပျော်နေကြတာပေါ့ Baek လည်းအပါအဝင်လေ အဲ့လိုကမ်းခြေကို တစ်ခါမှမရောက်ဖူးတော့ စိတ်လှုပ်ရှားနေမိတယ်လေ

''Baek နင်လိုက်မှာမှတ်လား''

''လိုက်မှာပေါ့ဟာ ငါအဖိုးဆီက ခွင့်ပြုချက်ယူခဲ့မယ် တစ်ခါမှဒီလိုမသွားဖူးတော့ အရမ်းစိတ်လှုပ်ရှားတယ် နင်ရော လိုက်မှာလား Chen Chen''

''လိုက်မှာပေါ့ ဒါနဲ့ ဟိုဘက် A ခန်းကရော ငါတို့နဲ့အတူတူပဲလားမသိဘူး အဲ့ဒါဆို Chanyeol တို့လည်းပါပီ''

''Chanyeol တို့ သူတို့ရော နေရာကမ်းခြေပဲလားအတူတူပဲလား''

''ငါတို့အထက်တန်းကျောင်းသူ ကျောင်းသားတွေအကုန်လုံးကို ပို့မှာထင်တယ်''

''ဟွန်းးးအဲ့ဒါဆို မကောင်းပါဘူး''

Baek လည်း စိတ်ဓာတ်ကျတဲ့ လေသံနဲ့ ပြောလိုက်တော့ Chen တစ်ယောက် Baek ကို မျက်မှောင်ကျုံ့ကြည့်လိုက်ပီး

''ဘာလို့မကောင်းရမှာလဲ ChanSoo နှစ်ယောက်ကို ပြန်အဆင်ပြေအောင် နင်လုပ်ပေးလို့ရတယ်လေ မဟုတ်ဘူးလား''

Baek လည်း သက်ပြင်းချကာ ခေါင်းယမ်းလိုက်ပီး

''ငါဒီတလော ဘယ်လိုဖြစ်နေတယ်မသိဘူး နှလုံးခုန်တွေအရမ်းမြန်နေတယ် အထူးသဖြင့် သူတို့လေးယောက်နဲ့တွေ့ရင် ငါ့ကိုယ်ငါ ဘာဖြစ်နေမှန်းမသိဘူးဟာ''

Our Friendship  [completed]Where stories live. Discover now