Part - 12

2.7K 261 7
                                    

Baek တစ်ယောက် Canteen ကနေ ထွက်ပြေးလာတာ အတန်းထဲလည်းရောက်ရော ခုံပေါ်မှောက်ပီးငိုတော့တာပဲ အတန်းထဲက ကောင်မလေးတွေကလည်း Baek ကို မကြည်ကြည့်နဲ့ကြည့်နေကြတယ် သတင်းက ရောက်တာမြန်တယ်လေ

''Baek ဘာလို့ငိုနေတာလဲ''

Chen လည်း Baek ပခုံးကိုပုတ်ပြီး မေးလိုက်မှ Baek လည်းမှောက်နေရာမှပြန်ထကာ Chen ကိုဖက်ပြီးထပ်ငိုလေရဲ့

''Baek နင်ဘာဖြစ်ခဲ့မှန်းမသိပေမယ့် မငိုနဲ့တော့နော် ဆရာဝင်တော့မယ် တိတ်တော့နော်''

Chen လည်း ချော့မော့ပီး Baek အငိုတိတ်အောင်မနည်းချော့လိုက်ရတယ် ဆရာဝင်လာပီးစာသင်တော့မှ Baek ရဲ့စိတ်တွေကို စာထဲမှာပဲနှစ်မြှုပ်ထားလိုက်တယ် အတန်းတစ်ချိန်လည်းပီးသွားရော Baek လည်း အကောင်းတိုင်းပြန်ဖြစ်ပီး Chen နဲ့ စကားပြောနေလိုက်တယ် အဲ့ချိန်မှာပဲ ကောင်မလေးတွေရုတ်တရက် ဝရံတာကိုပြေးထွက်ပီးအော်နေကြတယ် သူတို့ကိုကြည့်ရတာလဲတစ်ခုခုကို စိုးရိမ်နေသလိုလို

''Baek ဟိုမိန်းမတွေဘာဖြစ်နေလဲမသိဘူး ငါတို့လည်းသွားကြည့်ရအောင်''

''အင်းသွားကြည့်မယ်လေ''

Baek နဲ့ Chen နှစ်ယောက်သား ကောင်မလေးတွေကြားကိုအတင်းတိုးပီး သွားကြည့်လိုက်တော့ Chanyeol တစ်ယောက် 'Baekhyun ကိုယ့်ကိုပြန်ချစ်ပါ' ဆိုတဲ့ စာတန်းကိုမြှောက်ထားပီး မိုးရေထဲမှာ ရပ်နေလေရဲ့ တကိုယ်လုံးလည်း မိုးရေတွေရွှဲဆိုလို့ပေါ့ Soo တစ်ယောက်လည်း Baek နားကိုဘယ်ချိန်ထဲက ရောက်မှန်းမသိ ရောက်လာပြီး

''Baek Chanyeol ကိုလုပ်ပါအုံး သူဒီလိုတခါမှမလုပ်ဖူးဘူး သူကခေါင်းမာတယ် Baek သူ့ကိုဆက်မလုပ်ဖို့ ပြောလိုက်ပါလား''

''Baek မသိဘူး Baek နဲ့သူ ဘာမှမပတ်သတ်ဘူး သူက Soo ကိုချစ်တာလေ Soo သွားတားလိုက်ပါ''

Baek လည်း Soo ကိုပြောပြီးတာနဲ့ အခန်းထဲကိုပြန်ဝင်လာပီး စာထိုင်လုပ်နေလိုက်တယ် ဒီအတန်းချိန်က ဆရာ မဝင်ဖြစ်တော့ ကောင်မလေးတွေလည်း ဝရံတာကကိုမခွာတော့ဘူး

''Baek Soo ပြောသလိုပဲ နင်သူ့ကိုတားကြည့်ပါလား အခုထိသူရှိနေတုန်း''

Our Friendship  [completed]Where stories live. Discover now