Part - 16

2.8K 269 16
                                    

Baek တစ်ယောက် မိုးရွာနေတဲ့ကြားက ကျောင်းရှေ့မှာ Chanyeol ကိုစောင့်နေမိတယ် Soo ကို ခေါ်သွားပီးထဲက Chanyeol လည်း ကျောင်းဆင်းတဲ့အချိန်ထိ ပေါ်မလာသေးဘူးလေ မပြောပဲပြန်ပြန်ရင်လည်း Chanyeol ကို ကြောက်ရသေး အရေးထဲ ဖုန်းကလည်း အားကုန်နေတာကြောင့် စောင့်လက်စနဲ့ဆက်ပီးစောင့်နေလိုက်တယ်
တနေကုန်မိုးရွာထားတာကြောင့် ဗွက်အနည်းငယ်လည်းထနေတယ်လေ Baek တို့အတန်းထဲကကောင်မလေးတစ်သိုက်လည်း Baek ကိုတွေ့တော့ ဗွက်မစင်စင်အောင် ကားကိုအရှိန်တင်မောင်းသွားပီး Baek ကို ဗွက်တွေစင်သွားမှ ကားရပ်ကာ

''Sorry နော် အိမ်ရောက်မှ ရေချိုးလိုက်တော့ ဒါမှမဟုတ်လည်း မိုးရေချိုးပီးပြန်လိုက်နော် ဟား ဟား ဟား''

ကောင်မလေးတွေ လှောင်ပြောင်ပီး ကားမောင်းထွက်သွားကြတယ် Baek လည်း စင်သွားတဲ့ ဗွက်တွေကိုလက်နဲ့ ခါနေချိန် Baek ရှေ့မှာ ခြေတစ်စုံကလာရပ်လိုက်တယ် Baek လည်းမော့ကြည့်လိုက်တော့

''Chanyeol က ဆေးရုံမှာ အိမ်ပြန်မယ်ဆို ငါနဲ့လိုက်ခဲ့''

''ရပါတယ် အဲ့ဒါဆို Baek ကိုယ့်ဘာသာပဲ ပြန်လိုက်ပါ့မယ်''

''အိမ်ကလာခေါ်မှာမလို့လား''

''Arnyi Bus စီးပီးပဲပြန်လိုက်ပါ့မယ်''

''Bus စီးတတ်လို့လား ဘယ်မှာ ကားမှတ်တိုင် ရှိမှန်းရောသိလို့လား''

''အဲ့လိုကတော့မသိပေမယ့် ရှာရင်တော့ ... ''

Baek စကားတောင်မဆုံးသေး သူ့လက်ကို ဆွဲပီးခေါ်သွားရာနောက် ပါသွားတော့တယ်

''Kris Kris Baek ကို လွှတ်ပါ''

Kris လည်းသူ့ကားနားရောက်မှ Baek ရဲ့လက်ကို လွှတ်ပေးလိုက်ပီး

''ကားပေါ်တက်''

''Baek ဘာသာပြန် ... ''

''ပွေ့ချီပီးတင်ပေးမှ တက်မှာလား''

''Nae!''

Baek'pov : အမလေးလန့်စရာ သူတို့အဖွဲ့က အားလုံးတစ်ပုံစံထဲပဲ အကုန်လုံးတဇွတ်ထိုးတွေကြီး အကျင့်ကောင်းတွေလာတူနေကြတာ ဟွန့်

Baek အတွေးဝင်နေတုန်း

''မဝင်သေးဘူးလား''

Our Friendship  [completed]Where stories live. Discover now