Ep.18

2.3K 175 13
                                    

နေ့တစ်​​နေ့ရဲ့ အလင်းကထွန်းလင်း​တောက်​ပလာခဲ့ပြီ...

Osaka မြို့၏ နံနက်​ခင်းသည်​ ​​​နွေး​ထွေးမှု မရှိ​သော်​ငြား ​အေးချမ်းစွာ နိုးထလာခဲ့ပြီ....

ဟိုတယ်​၏ အခန်းအတွင်းပိုင်းတွင်​ နှပ်​​ကော်​ဖီ​လေး၏ သင်းရနံ့သည်​ ထုံသင်း​နေသည်​.....

နှုတ်​ခမ်းဖျား​လေးက ဖွင့်​ဟကာ လျာဖျား​ပေါ်သို့ ဖြတ်​ကစားသွား​သော ပူ​နွေး​နွေး ​ကော်​ဖီအရသာ​လေးသည်​ ခါးဆိမ့်​​နေ​သောငြား ချိုမြိန်​မှုအသွင်​​ဆောင်​​နေ​ပေသည်​....

တစ်​​ဝေ့ တစ်​ဝိုက်​ လှည့်​ပတ်​ကြည့်​မိ​သော Osaka မြို့၏ ​ကောင်းကင်​သည်​ မြူနှင်းအတိ ဖုံးလွှမ်း​နေသည်​....

ပါးစပ်​ထဲမှ ​ကော်​ဖီ၏ ပူ​နွေးမှုနှင့်​ ​ကောင်းကင်​ယံမှ Osaka၏ ​အေးစိမ့်​မှုတို့သည်​ ဆန့်​ကျင်​ဖက်​အသွင်​ ဓာတ်​ပြယ်​သွား​လေသည်​.......

"ChanYeol သွားရ​အောင်​~"

အခန်းအပြင်​မှ သတိလာ​ပေး​သော TaeHee အသံကိုကြားသည်​နှင့်​ ​ဘေးနားတွင် အဆင်​သင့်​​ခေါက်​တက်​ထား​သော ကုတ်​အက်ျီ​လေးကို လက်​တစ်​ဖက်​​ပေါ် လွှားတင်​လိုက်​သည်​....

ပူ​နွေး​နွေး ​ကော်​ဖီခွက်​​လေးက​တော့ အ​ငွေ့ပျံ့လွင့်​လျက်​~

In Pain For Pure Love

Decemberအ​ငွေ့အသက်​​တွေ လွှမ်းခြုံ​နေ​သော Seoul မြို့၏ ​ဆောင်းရာသီသည်​ မကြာခင်​ ကျ​ရောက်​လာ​တော်​မည့်​ ခရစ်​စမတ်​​နေ့အတွက်​ အဆင်​သင့်​ဖြစ်​​နေကြ​နေကြပြီ ဖြစ်​သည်​...

ထင်​ရှူးပင်​​လေးများ ဟိုဟိုဒီဒီနှင့်​ လင်းလက်​​နေသည်​မှာလဲ ​မြေပြင်​​ပေါ်တွင်​ ကြယ်​ပွင့်​များစု​နေသလို....

ဟိုဟိုဒီဒီဖြင့်​ ဟိုတစ်​ကွက်​ ဒီတစ်​ကွက်​စု​နေ​သော နှင်းစုများဖြင့်​လဲ ဒီဇင်​ဘာအလှက ပိုခဲ့ပါပြီိ.....

"Wooow.....ဟိုဟာ​လေး​တွေ ကြည့်​စမ်း!!!!"

ဘေးနားက အကိုကြီး တစ်​​ယောက်​ရဲ့ တိုက်​တွန်းမှု​ကြောင့်​ ကြည့်​မိလိုက်​​တော့ သိုး​မွှေးထည်​ဆိုင်​​လေး.....

In Pain For Pure Love {HIATUS}Where stories live. Discover now