Ep.15

2K 177 9
                                    

တစ်​​နေကုန်​ CF shooting ထဲ လုံးလည်​ချာလည်​လိုက်​ပြီး ပင်​ပန်း​နေခဲ့ရသည်​...

မီး​ရောင်​​တွေ....
မိတ်​ကပ်​နံ့​တွေ​ကြောင့်​ လူက နုန်းပြီး ပင်​ပန်း​နေပြီဖြစ်​သည်​...

သို့​သော်​ငြားလဲ မနားနိုင်​​တော့ပဲ အိမ်​​ရောက်​သည်​နှင့်​ ​ရေချိုးပြီး သူဦးတည်​တဲ့ ခရီးက Blue Moonlight Bar.

°º¤ø,¸¸,ø¤º°'°º¤ø,¸,°º¤ø,¸¸,ø¤º°'°º¤ø,¸,

Bar အတွင်းကို ​ရောက်​လာသည်​နှင့်​ သူ့ကို ဆီးကြို​နေသည်​က အသံချိုချို​လေး....

ပင်​ပန်း​နေတဲ့အချိန်​မှာ လာနား​ထောင်​မိ​တော့ အသံ​လေးက သကာပျားထက်​ ချိုမြိန်​သလို..
လူက လုံးဝလန်းဆန်းသွားသလို...

ChanYeol ​ဘေး​ထောင့်​စွန်းခုံတစ်​ခုမှာ ဝင်​ထိုင်​လိုက်​ရင်းပဲ BaekHyun ရဲ့ သီချင်းသံကို နား​ထောင်​မိ​နေသည်​....

*Wooooww....

*Encore!!!Encore!!!Encore!!!!

ChanYeol အခုမှ ​သေချာကြည့်​မိသည်​...
ဒီBarကို လာပြီး အရက်​​သောက်​တဲ့သူ​တွေထက်​ BaekHyunရဲ့ သီချင်းသံကိုကြားချင်​လွန်းပြီး လာကြတဲ့သူ​တွေက ပိုများ​နေသည်​....

သူ့ရင်​ထဲမှာ​တော့ ​ပျော်​သွားသလို ဝမ်းနည်းသွားသလို ခံစားချက်​​တွေက ​ရောပြွန်း​နေသည်​...

"ဟုတ်​ကဲ့!!!ဒီ​နေ့ည အတွက်​​တော့ ဒီ​လောက်​ပါပဲ​ဗျာ..
ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​..
အဲ့ဒီအစား ​သောကြာ​နေ့ညကျရင်​​တော့ ကျွန်​​တော်​ Enore​တွေ အ​ကြွေးဆပ်​ပြီး ဆို​ပေးပါ့မယ်​...
ကျေးဇူးတင်​ပါတယ်​..."

Baekhyun စင်​​ပေါ်ကဆင်းပြီး အ​နောက်​ဝင်​သွားတာနဲ့ အ​နောက်​က​နေ ​ပြေးလိုက်​သွားတဲ့ ChanYeol~

"ဟင်​!!ဘယ်​ သူ?!
ChanYeol shi!!!"

ရုတ်​တရပ်​ သူ့လက်​ကို ကိုင်​ဆွဲလို့ လန့်​သွားတဲ့ BaekHyunက ChanYeolကို ​တွေ့လိုက်​မှပဲ စိတ်​အေးသွားတဲ့ပုံနှင့်​!!!

သို့​သော်​လဲ~~~
စိတ်​​အေးရမည့်​ အ​ရေးမဟုတ်​သည်​ကို သူသိဖို့​ကောင်းပါသည်​...

ChanYeol ဘာမှ မ​ပြောပဲနဲ့ BaekHyun လက်​ကို ဆွဲကိုင်​ပြီး အတင်းဆွဲ​ခေါ်သွားပါ​တော့တယ်​...

In Pain For Pure Love {HIATUS}Where stories live. Discover now