Ep.8

2.1K 151 5
                                    

မ​နေ့က TaeHee သူ​ပြောသလို အစီအစဉ်​များနှင့်​ တစ်​ခုမှ မတူ​ခြေ....

ပထမဆုံး သူတို့ Art Gallery ဝင်​ကြပြီး အနုပညာ​ကျောင်းဆင်း​ပီပီ သူတို့ရဲ့ အ​တွေးအ​ခေါ်​တွေကို လွတ်​လပ်​စွာ​ဝေမျှကြသည်​...

သူတို့နှစ်​​ယောက်​သည်​ အမှန်​တကယ်​ဆိုလျှင်​ စိတ်​တူကိုယ်​တူလဲ မဟုတ်​...
အ​တွေးအ​ခေါ် အယူအဆချင်းလဲ မတူညီကြပါ...

သို့​သော်​လဲ ဒီ​လောက်​ထိ​ရေရှည်​မြဲ​သော သူငယ်​ချင်းသံ​ယောဇဉ်​မှာ ဩချရ​လောက်​သည်​...

TaeHeeသည်​ ငယ်​စဉ်​ကထဲက မိဘဆုံးသွားပြီး ဦး​လေးဖြစ်​သူ၏ ​စောင့်​​ရှောက်​မှု ​အောက်​တွင်​​နေလာရသည်​...

ကျောင်းပညာ​ရေးထား​ပေး​သော်​လဲ သူ့ကို ကြည်​ဖြူလှတယ်​ကြီးမဟုတ်​ပါ..

ဦး​လေး၏ မိန်းမဖြစ်​သူက TaeHeeဆိုလျှင်​ ဖုတ်​​လေတဲ့ငပိ ရှိတယ်​လို​​တောင်​ မထင်​ပါ...

ဦး​လေးမှာလဲ မိန်းမ​ကြောက်​သူဖြစ်​၍ TaeHeeအား ဂရုစိုက်​ခွင့်​မရပါ..

သို့​သော်​လဲ ကံ​ကောင်းသည်​က ဂရုမစိုက်​ကြ​သော်​လဲ မနှိပ်​ဆက်​ကြ​ပေ....

အချိန်​ပိုင်း အလုပ်​များဖြင့်​ ငယ်​စဉ်​ကထဲက သူ့မုန့်​ဖိုးကို သူရ​အောင်​ ရှာသည်​....

အိမ်​​ပေါ်​ခေါ်တင်​​ပေးထားသည်​ကိုပင်​ ​ကျေးဇူးကို မ​မေ့ပဲ အချိန်​ပိုင်းလစာထဲက အမြဲ အိမ်​အတွက်​ တစ်​ခုခုဝယ်​​ပေးသည်​....

ထို့သို့ ရုန်းကန်​လာရသည့်​ TaeHeeအဖို့​တော့ အရာရာကို ​တွေး​ခေါ်လျှင်​ လွယ်​လွယ်​မ​တွေးတတ်​ ..
အချိန်​အနည်းငယ်​ယူကာ ကိုယ့်​ဖက်​ထက်​ဆာလျှင်​ သူများဖက်​က​တွေး​ပေးတတ်​သည်​...

သို့​သော်​ ChanYeolက ဒီလိုမဟုတ်​ပါ...

ရွှေ​ပေါ်မြနန်း​မွေးလာသည်​ မဟုတ်​​ပေမဲ့ သူတို့အိမ်​မှာ ​တော်​​တော်​​လေးကို အဆင်​​ပြေခဲ့ပါသည်​....

ကိုယ်​ပူဆာသည်​နှင့်​ မျက်​စိ​ရှေ့တွင်​ လိုသမျှဖြည့်​ဆည်း​ပေးနိုင်​​သော မိဘမျိုးကို ပိုင်​ဆိုင်​ထားရသည်​...

In Pain For Pure Love {HIATUS}Where stories live. Discover now