"ဟင်.... ခလေး..."ခြေထောက်ဆီမှ
တစ်မျိုးသော အထိအတွေ့ကြောင့်
အိပ်ပျော်နေရာကနေ နိုးလာမိသည်....ခလေးက ကျနော့်ခြေရင်းနားမှာ
ကျကျနနထိုင်ကာ သူ့ပေါင်ပေါ်
ကျွန်တော့်ခြေထောက်နှစ်ချောင်းတင်ထားပီး
ဆေးလိမ်းနေပုံရသည်...ခေါင်းငုံ့ထားရာကနေမော့ကြည့်လာရင်း....
မျက်နှာလေးသိပ်တော့မကြည်....
"နိုးသွားတာလား.. မနိုးစေချင်ခဲ့တဲ့ဟာကို..."
ဆူပုတ်ပုတ်ရုပ်လေးလုပ်ကာ...
ခြေအိတ်ရှည်တစ်စုံလုံး စွပ်ပေးပီး
ဆေးဘူးတွေသိမ်းနေလေသည်...."Fan Fan.. အရမ်းနာလို့လားဟင်..."
"မနာပါဘူး ခလေးရဲ့..."
"ညာတယ်..."
ညှိုးငယ်သွားသော မျက်နှာလေးနဲ့
ထိုစကားတစ်ခွန်းထဲပြောကာ
ဆေးသေတ္တာကောက်ကိုင်ကာ
ထထွက်သွားလေပီ....မဟုတ်သေးဘူး...
သူ့မျက်နှာလေး အရမ်းညှိုးနေသလိုပဲ..ပီးတော့ လက်သွားဆေးတာ
ဒီလောက်ကြာရသလား....အတွေးနဲ့အတူ လူကထလိုက်ပီးသား
ဖြစ်သွားသည်.....ဖွင့်ထားသော တံခါးမှတဆင့်ဝင်လိုက်သွားတော့
အဟုတ်ကိုပဲ အတွေးလွန်ကာ
လက်ကိုရေအထပ်ထပ်ဆေးနေသော
သူ့ကြောင့် သက်ပြင်းတစ်ချို့ချမိပြန်သည်...ရေပိတ်ပီး သူ့လက်ကိုသုတ်ပေးပီး
ထိုကိုယ်လုံးလေးကို နောက်ကနေသိုင်းဖက်ထားမိသည်...."နွေးလိုက်တာ..."
ပခုံးသားအိအိကိုမေးစေ့တင်ကာ
ခပ်ဖောင်းဖောင်းပါးပြင်လေးကို
နမ်းရှိုက်ရင်း မှန်မှတဆင့်ကြည့်လိုက်တော့
ခုပဲငိုချလိုက်မလို မျက်နှာလေးကြောင့်
အလန့်တကြားဖြစ်ရသည်...."ဘာ... ဘာဖြစ်လို့လဲ.. ခလေးရဲ့..."
"ခုနက Fan Fan ညည်းနေတာ..
အရမ်းနာနေတဲ့ပုံနဲ့...."