/1/

13.3K 603 38
                                    


"​ရော့...."

စီနီယာအစ်​ကို ကမ်း​ပေး​သော ​ရေ​ဗူးကို
လှမ်းယူရင်း ပြုံးပြမိသည်​....။

ရေ​ဗူးအဖုံးဖွင့်​​နေရင်း
ကြည့်​​နေကျ ​နေရာ​လေးကို လှမ်းကြည့်​မိ​တော့
ပြုံးဖြစ်​​နေကြအပြုံးတို့ အသက်​ဝင်​သွားရသည်​....။

ဒီလိုအချိန်​ဆို ကွင်းထဲလာပီး
ဆော့​နေတဲ့သူ​တွေကို ​ငေးကြည့်​​နေတတ်​​သော
အရိပ်​​လေးတစ်​ခုက ကျ​နော့်​အာရုံကို
ဖမ်းစားနိုင်​ခဲ့သည်​....။

ပါဝါပါလားမပါလားမသိ​သော
မျက်​မှန်​​လေး​ထောင့်​​လေးကို တပ်​ထားတာ​ကြောင့်​လားမသိ က​လေးဆန်​လွန်း​သော
ပုံရိပ်​​လေးက ကျ​နော့်​ကို ညှို့နိုင်​စွမ်းသည်​...။

ဖိုင်​​လေးကို ရင်​ခွင်​ထဲပိုက်​ပီး Hoddieပွပွရဲ့
ခေါင်းစွပ်​ကို ​ခေါင်းမှာ ​စောင်းထား​သော
သူ​လေးက မြင်​မြင်​သမျှလိုက်​​ငေး​နေပြန်​သည်​...။

နောက်​တပါတ်​ကျင်းပမယ့်
ကျောင်းပွဲအတွက်​ ​လေ့ကျင်​​နေရ​သော
ကျ​နော်​ဟာ သူ​ရောက်​လာရင်​ ​မောရမယ်​မှန်းမသိ...။

ကျ​နော်​ကစား​နေရင်​​ရော
သူကြည့်​​နေ​လေမလား.....။

အ​တွေးနဲ့တင်​ ရင်​ကို ​နွေးမြ​စေသည်​.....။

ခုလို နား​နေရင်​​တော့ သူကဒီဘက်​ကို
ယောင်​လို့​တောင်​ မကြည့်​သဖြင့်
ကျ​နော်​ စိတ်​ကြိုက်​သူ့ကို ​ငေးခွင့်​ရ​နေတာ.....။

အင်္ကျီကသူနဲ့ပွလွန်း​နေကာ
လက်​ဖျား​လေး​တွေ​တောင်​ မြင်​​နေရရုံ​လေး....။

ဟက်​... ဘယ်​လိုဟာ​လေးလဲမသိဘူး....

အ​တွေးက အသံပါထွက်​သွား​စေတဲ့အထိ...။

ဘယ်​သူမှမကြား​ပေမယ့်
ကိုယ့်​ဘာသာ ရှက်​ကာရယ်​မိ​လေသည်​...။

သူ​ရောက်​မလာတဲ့​နေ့​တွေဆို
လွမ်း​ဆွေးခြင်းကို ကျ​နော်​ ခံစားတတ်​​နေပီ....။

"ဘယ်​လိုလဲ... Yi Fan.. စိတ်​ဝင်​စားလို့လား..."

"​ဗျာ..."

အချစ်ဟုခေါ်သော......ထိုအရာजहाँ कहानियाँ रहती हैं। अभी खोजें