/5/

4.9K 451 28
                                    


"ဒါက ဘယ်​ကရတာလဲ Chan.."

စာကျက်​​နေရင်းအိပ်​​ပျော်​သွားခဲ့တာ...
ကိုကိုဘယ်​ချိန်​က​ရောက်​​နေခဲ့တာလဲ...
ကိုကို့ လက်​ထဲမှာ Choco​လေး...

"ဒါ တစ်​​ယောက်​​ယောက်​ ​ပေးတာလား..."

ရင်​ထဲဖျဉ်းခနဲဖြစ်​သွားသည်​...

ကိုကို့မျက်​လုံးမှာ တစ်​ခါမှမမြင်​ဖူး​သော
အရိပ်​အ​ယောင်​​တွေရှိ​နေသည်​...

"လက်​​ဆောင်​​ပေးထားတာ..."

"ဘယ်​သူလဲလို့ ကိုကို​မေးခွင့်​ရှိမလား..."

ပန်း​သွေး​ရောင်​ နှုတ်​ခမ်းဖူးဖူး​တွေကို
မြင်​​ယောင်​မိ​တော့
ရုတ်​တရတ်​ကြီးကျ​နော်​ မွန်းကြပ်​လာခဲ့သည်​...

"Wu YiFan​ပေးထားတာ..."

ကျ​နော်​ မဟုတ်​တာလုပ်​ထားတာမှမဟုတ်​တာ..
ဘာလို့ ​ခေါင်းငုံ့ထားမိတာလဲ...

"ကိုကို အဲ့ဒါ... သူက လက်​​ဆောင်​​ပေးတာ​မို့..."

"ဒါ​တွေက​ရော..."

တစ်​မျိုးကို နှစ်​စုံဆီရှိ​နေ​သော notes​တွေ...

"ကိုကို... အဲ့ဒါ..."

"သူပဲလား...."

ကျ​နော်​ ​ခေါင်းပဲညိတ်​ပြမိသည်​....

"သူနဲ့မင်း... ဘယ်​လိုပါတ်​သတ်​တာလဲ..."

"ကိုကို... ဘယ်​လို​မေးလိုက်​တာလဲ..."

အမြဲတ​စေ Chanလို့ နူးနူးညံ့ညံ့​ခေါ်တတ်​​သည့်
ကိုကိုက.... မင်း ဆိုတဲ့အသုံးအနှုန်းအပြင်
တင်းမာ​နေ​သော မျက်​နှာထားနဲ့...

မျက်​ရည်​ဝဲလာသည့်​ကျ​နော်​ မျက်​​တောင်​​တွေ
ပုတ်​ခတ်​ပုတ်​ခတ်​လုပ်​မိ​တော့...
ကိုကိုသက်​ပြင်းတစ်​ချက်​ချ​လေသည်​....

"သူနဲ့ကင်းကင်းရှင်းရှင်း​နေ​ပေးလို့ မရဘူးလားChan..."

"..."

"သူမင်းကို စိတ်​ဝင်​စား​နေတာ....
မဟုတ်​ဘူး အဲ့ထပ်​လဲပိုတယ်​..
သူမင်းကိုချစ်​​နေတာ...."

"ကိုကို..."

ကျ​နော်​ မကြားရဲဘူး...

"​ကျေးဇူးပြုပီး ဆင်​ခြင်​​ပေးပါ..
ကိုကို မင်းနဲ့ပြဿနာမတတ်​ချင်​ဘူး..."

အချစ်ဟုခေါ်သော......ထိုအရာWhere stories live. Discover now