ဒီနေ့ ငေးနေကျ အရိပ်လေးရောက်မလာဘူး...။
ကွင်းထဲမှာ ထွက်ကစားပေမယ့်
ရှာကြည့်နေပေမယ့် မရှိတဲ့အခါ...။
ထူးခြားသိသာလွန်းသော
ရင်ဘတ်ထဲက လစ်ဟာမှူက.....
နှလုံးသားကို နာကျင်စေခဲ့သည်....။ဘောလုံးကန်သောဘက်ကိုကြည့်မိတော့
Luhanလဲရှိမနေ.....။ရှင်းလင်းနေသော အဖြေကို အမှားထွက်အောင်တွတ်ချင်မိတဲ့အထိ ရူးမိုက်ချင်မိသည်....။
ငေးကြည့်နေရရုံ အခွင့်အရေးဆိုပေမယ့်
ရှေ့ဆက်တိုးချင်မိတာမျိုး....။အချစ်က အမြဲတမ်းတရားတယ်တဲ့...။
ကျနော် သူတို့ဇာတ်လမ်းမှာ ဗီလိန်မဖြစ်ချင်ဘူး..။
ဒါပေမယ့် ခလေးအနားမှာ နေချင်မိတယ်...။
*****************************
"Chan...စားလေ... ပီးရင်ကော်ဖီသောက်မယ်မို့လား မှာလိုက်မယ်လေ..."
"ကော်ဖီ... ဟင့်အင်း..မသောက်ဘူး...."
အမ်...ဘာလို့ အသဲသန်ငြင်းမိသွားတာပါလိမ့်..။
ပီးတော့ လူတစ်ယောက်ကိုသတိရမိသွားခဲ့တာ...။
ကိုကိုက သတိထားမိပုံရကာ...
"ဘာဖြစ်လို့လဲ... ကြိုက်တယ်မဟုတ်ဘူးလား..."
"ဘာမှမဖြစ်ပါဘူး... ခုကမသောက်ချင်လို့..."
စကားအဆုံးလွှဲဖယ်သွားသော
မျက်နှာလေးက နားလည်ရခက်နေသလိုပါလား..။ဘာရယ်မဟုတ် သက်ပြင်းမောတွေ Luhan မှုတ်ထုတ်မိသည်....။
"ပြန်မယ်..."
"ဟုတ်..."
ကျနော် ပိုက်ဆံရှင်းနေတုန်းရှေ့က
ထွက်သွားနှင့်ပီဖြစ်သော ကောင်လေးကို ငေးနေမိသေးသည်...။အမြဲတစေ ချစ်ခဲ့ရသော ကျောပြင်တစ်ခုဟာ
အခုမှ နားလည်ရခက်နေသလို....။ကျွတ်...Luhan မင်းဘာတွေတွေးနေတာလဲ..
အဓိပ္ပါယ်မရှိတာတွေ....။