"အဲ့တာ စားထားတာမဟုတ်​ဘူးကွာ...
ဗိုက်​​တွေဘာ​တွေ​အောင့်​​နေမှာ​ပေါ့...."

"Fan Fanကို​စောင့်​​နေတာ​လေ..."

သူကအသဲယားသွားသလို
ပါးပြင်​နှဖက်​ကို အားပါးတရ
လာဖြစ်​ညှစ်​​လေသည်​....

"အာ့.. နာတယ်​.."

"​ဆောရီး ကိုယ်​အရမ်းချစ်​လို့..."

နဖူးအချင်းချင်းဖွဖွ​လေးလာတိုက်​ကာ
ပြော​သော သူ့ပုံစံက သိပ်​ချစ်​တတ်​တဲ့
ယောကျာ်းတစ်​​ယောက်​နဲ့တူတယ်​....

သူကသိပ်​ချစ်​တတ်​တဲ့
ယောကျာ်းပါပဲ​လေ....

"ခ​လေး ပျင်း​နေအုံးမှာပဲ..."

"အင်း.."

နှုတ်​ခမ်းကို ဆူဆူ​လေးလုပ်​ကာ
ရင်​ခွင်​ထဲတိုးဝင်​လာ​လေသည်​...

ထိုချစ်​စရာအပြုအမူ​လေး​ကြောင့်
မျက်​နှာ​လေးကို ပြန်​ဆွဲထုတ်​ရင်း
ထိုနှုတ်​ခမ်းဆူဆူ​လေးကို ဖြတ်​ခနဲနမ်းလိုက်​မိသည်​..

"Fan Fan..."

"အင်း... ​ကောင်း​ကောင်း​နေရစ်​ခဲ့​နော်..."

"ဟုတ်​ကဲ့.."

အနမ်းခံလိုက်​ရ​သော နှုတ်​ခမ်း​လေးကို
လက်​ခုံနဲ့အုပ်​ကာ ရပ်​ကျန်​ခဲ့​သော
ခ​လေး​လေး​ပျောက်​ကွယ်​သွား​သောအခါ
ရင်​ထဲမှာ ဟာခနဲ...

တကယ်​ဆို စက္ကန့်​ပိုင်း​လေး​တောင်
မခွဲချင်​ဘူး ခ​လေးရယ်​...

ကိုယ့်​အချစ်​​တွေ
မင်းနားလည်​ပါ့မလား.....

¿*************¿?*************?

ကျောင်းမဖွင့်​ခင်​YiFanက Companyထဲ
ဝင်​ခဲ့ရသည်​..

Chanyeolက​တော့
သင်​တန်း​တွေ​လျှောက်​တတ်​ရင်း
အပျင်း​ဖြေ​နေရှာရဲ့....

"ဟင်​.."

ရုံးမဆင်း​သေးပဲ အသဲသန်​ခိုးထွက်​လာကာ
သူ့ကို လာကြိုစဉ်​မြင်​လိုက်​ရ​သော
မြင်​ကွင်းကရင်​ထဲ ဆို့တတ်​သွားခဲ့သည်​..

Luhan..
သူကဘာလို့ခ​လေးသင်​တန်းကို
လာရတာလဲ...

မ​တွေးသင့်​ဘူးဆိုတာ သိ​ပေမယ့်
သူ့ချစ်​သူဖြစ်​ခဲ့ဖူးတယ်​ဆို​သော
အ​တွေးက အရှုံးတစ်​ခုလို.. နှိပ်​စက်​​လေသည်​....

အချစ်ဟုခေါ်သော......ထိုအရာWhere stories live. Discover now