အ​ဖေအ​မေ၏ သွန်​သင်​ဆုံးမမှု​ကြောင့်​ လိမ္မာ​ရေးခြားရှိ​သော်​လဲ ဘဝ​ပေးအ​ခြေအ​နေ​ကြောင့်​ အသိတရားရသည်​နှင့်​ ကွာခြားလွန်းသည်​...

ထို့​ကြောင့်​ ChanYeolမှာ သူတပါးအား နားလည်​​ခွင့်​လွှတ်​​ပေးနိုင်​​သော်​လဲ မိမိဖက်​ကို အရင်​​တွေးပြီး ဆုံးဖြတ်​သည်​...

TaeHeeနဲ့ ChanYeolတို့၏ သူငယ်​ချင်း​ရေစက်​မှာ ဟိုးငယ်​ငယ်​ မူလတန်းအရွယ်​ထဲက စတင်​ခဲ့သည်​..

ရပ်​ကွက်​ချင်းတူ​သော​ကြောင့်​ အိမ်​ချင်း သိပ်​မ​ဝေး၍ TaeHeeက ChanYeol အိမ်​ကို တံခါးမရှိ ဓားမရှိ ဝင်​ထွက်​နိုင်​​သော သူဖြစ်​သည်​....

အ​ပြောအဆို ​ပြေပြစ်​​သော TaeHeeမှာ ရည်​မွန်​ပြီး ချစ်​စရာ​ကောင်းလှ​သော​ကြောင့်​ ChanYeol အ​ဖေအ​မေများကလဲ သမီးအရင်းလို ချစ်​ခင်​ကြသည်​....

တစ်​နှစ်​ပြီး တစ်​နှစ်​ သူတို့ အသက်​​တွေကြီးလာတဲ့အ​လျောက်​ သူတို့ သံ​ယောဇဉ်​က ​မှေးမိန်​မလာပဲ ခိုင်​မာလာခဲ့သည်​...

ပြန်​​တွေးကြည့်​လျှင်​ TaeHeeက ဘယ်​​တော့မဆို ChanYeol အနားတွင်​ရှိ​နေခဲ့သည်​...

သူလိုအပ်​​နေသည့်​အခါတိုင်း....
သူ အကူအညီမဲ့​နေသည့်​အခါတိုင်း....
TaeHeeက သူ့ကို ​ဘေးမှ ရပ်​ကာ မားမားမတ်​မတ်​ရပ်​တည်​​ပေးခဲ့သည်​.....

သို့​သော်​လဲ ChanYeolမှာ TaeHee အ​ကြောင်း ​သေချာ မသိခဲ့..
မေးလဲ မ​မေးခဲ့....

သူ တစ်​နှစ်​ပြီး တစ်​နှစ်​ ​မွေး​နေ့လုပ်​​သော်​လဲ
TaeHee​မွေး​နေ့ မလုပ်​သည်​ကို သူ သတိမထားခဲ့မိ....

သူ ​ပျော်​​နေ​သော်​လဲ TaeHee ဝမ်းနည်းခဲ့သည်​များကို သူမသိ...

တစ်​​နေ့တွင်​ သူ့ကို TaeHeeက ရင်​ဖွင့်​လာခဲ့သည်​...

သူ့ဘဝအ​ခြေအ​နေ ဇာတ်​​ကြောင်းအကုန်​နှင့်​ သူ့အိမ်​အ​ခြေအ​နေ...

စိတ်​ထားမာသ​ယောင်​ ထင်​ခဲ့​သော TaeHee ထို​နေ့တွင်​ အသည်းအသန်​ ငို​လေသည်​...

ငယ်​စဉ်​ကထည်းက မျက်​ရည်​မကျဖူး​သော TaeHee ထို​နေ့တွင်​ မျက်​ရည်​များ အတားမဆီးမရှိ ကျ​လေသည်​...

In Pain For Pure Love {HIATUS}Where stories live. Discover now