Minho hyung ကို အလန့်တကြားကြည့်မိသည်...။
အဲ့လောက်သိသာနေပီလား....။
Hyungကလဲ သူ့ကို မေးငေါ့ပြကာ...။
"မင်းနားတဲ့အချိန်တိုင်း သူ့ကိုကြည့်နေတာ
ငါသတိထားမိတယ်... ချစ်စရာလေးနော်..."သူနဲ့ကျနော် ဘာမှမဆိုင်ပဲနဲ့
Hyungစကားကို ကျနော် သဝန်တိုချင်မိသည်..။"ဟား...ဟား... ငါကဒီတိုင်းရိုးရိုးသားသားပြောတာပါကွာ.... မင်းကောင်လေးကို ငါမထိပါဘူး..."
"ကျနော့်ကောင်လေး...
မဟုတ်ပါဘူး...."ရှက်ရွံ့စွာ ငြင်းမိပေမယ့်
ကြည်နူးမှူက နှလုံးသားကို
အပူလှိုင်းဖြတ်စေသည်...။"ဟားဟား... အေးပါကွာ.... သူ့အကြောင်းသိချင်လား...."
ခေါင်းအမြန်ညိတ်ပြမိလေသလား....။
"First Yearက Park Chanyeolတဲ့..
အဲ...ဒါပေမယ့်
ဟိုမှာ ကစားနေတဲ့ အင်္ကျီအပြာနဲ့လူက
သူ့ချစ်သူLuhanတဲ့ သူကတော့
မင်းသိမှာပေါ့ မင်းတို့အခန်းကပဲ...."ချစ်သူရှိပီးသားတဲ့...
ကျနော့်ကောင်းကင်ဟာ မဲမှောင်သွားခဲ့ပီ....။
အဲ့ဒါကြောင့် သူဒီကိုရောက်ရောက်လာတတ်တာလား.......။"သိတော့သိပါတယ်... မရင်းနှီးဘူး....
ဒါနဲ့... ဒါပဲလား..""အင်းလေ ငါလဲဒါပဲသိတာ...
ဟားဟား... Luhanက မင်းနဲ့တတန်းထဲပဲ
မေးကြည့်ပေါ့ကွ....."သူ့အကြောင်း သူ့ချစ်သူကို
ဘယ်လိုမေးရမှာလဲ.....။Minho hyungက ကျနော့် ပခုံးကိုပုတ်ကာ
ထထွက်သွားလေပီ.....။သူက ဒီတိုင်းချထားသော ခြေထောက်တွေကို
ခုံပေါ်တပ္ပလင်ခွေပီး ပြင်ထိုင်လေသည်....။ဒူးရှည်ရှည်က ခုမှသိသာသွားသလိုမျိုးပါလား...
ခြေချောင်းလေးတွေပါ မြင်ချင်လာမိသည်အထိ....
လောဘတတ်မိပါလား....။"Yi Fan.. ပြန်စမယ်..."
အကြည့်တို့လက်စသပ်ကာ
ထရပ်ရပြန်သည်....။