အထက်တန်းကျောင်းသူဘဝတုန်းကစာတွေမကျက်နိုင် စာမေးပွဲတွေမဖြေနိုင်ရလောက်အောင်အသေအလဲကြိုက်ခဲ့ရတဲ့idolတွေထက် dramaတွေကြည့်ရင်းအရမ်းကို
စွဲမက်ခဲ့ရတဲ့ရုပ်ရှင်မင်းသားတွေထက် သူဟာကျွန်မကိုပိုရူးသွပ်အောင်လုပ်နိုင်ခဲ့တယ်

ကျွန်မတစ်ဖက်သတ်ချစ်ခဲ့ရတဲ့seniorတစ်ယောက်

တစ်ချိန်ကသူဟာကျွန်မမျှော်လင့်လို့မရတဲ့အိပ်မက်တစ်ခု

အခုတော့သူဟာကျွန်မပိုင်ဆိုင်ထားတဲ့ကျွန်မရဲ့ချစ်သူ

စဉ်းစားကြည့်ရင်ယုံချင်စရာမရှိတဲ့ပုံပြင်တစ်ပုဒ်လိုဘဲ

ဘယ်သူကထင်မှာလဲ
နှစ်နှစ်နီးပါးကြိတ်ကြွေနေရတဲ့crushကကျွန်မအပေါ်မှာ
လည်းခံစားချက်ရှိနေလိမ့်မယ်လို့

အဲ့ဒီနေ့ကအရမ်းပျော်ခဲ့ရတာ
ကျွန်မအကြို က်ဆုံးအဖြူ ရောင်နှင်းဆီပန်းတွေနဲ့သူဖွင့်ပြောခဲ့
တုန်းက ကမ္ဘာကြီးတစ်ခုလုံးကိုပိုင်ဆိုင်လိုက်ရသလိုပဲ
တကယ်ပဲ ကျွန်မရဲ့အချစ်ဇာတ်လမ်းဟာနတ်သမီးပုံပြင်
တွေထက်ကိုဆန်းကြယ်ခဲ့တာ

ဒါပေမယ့် သူ့ရဲ့အချစ်တွေဟာကျွန်မထင်ထားသလောက်မ
ချို မြိန်ခဲ့ဘူး ကျွန်မတို့နှစ်ယောက်ရဲ့ပတ်သက်မှုဟာသိပ်ပြီး
နွေးထွေးမှုမရှိဘူး
သူဟာကျွန်မနဲ့ပတ်သက်လာရင်သိပ်အလေးအနက်မထားတတ်ဘူး ကျွန်မကိုသိပ်ဂရုစိုက်လေ့မရှိဘူး တခါတလေကျရင်သူကျွန်မကိုချစ်ရောချစ်ရဲ့လားလို့တောင်သံသယဝင်မိတယ်

ဘာပဲဖြစ်ဖြစ်ပါ ကျွန်မသူ့နားမှာရှိခွင့်ရရုံ ကျွန်မဟာသူ့ရဲ့မိန်းကလေးဖြစ်ခွင့်ရရုံနဲ့တင် ကျေနပ်တယ် သူ့အတွက်အရာရာကိုပေးဆပ်နေချင်တယ် ကျွန်မအတွက် ပျော်ရွှင်မှုဆိုတာကိုသူကပဲဖန်ဆင်းပေးနိုင်တယ်

"soeunah...miyan...စောင့်ရတာကြာသွားလား ကိုယ်အိပ်ပျော်သွားလို့"

"ဟင့်အင်း...ခုနကမှရောက်တာ"

ဟုတ်တယ် အကြာကြီးစောင့်လိုက်ရတယ် 2နာရီလောက်ရှိနေပြီ

အဲ့လိုအမှန်အတိုင်းပြောပြီးစိတ်ဆိုးစိတ်ကောက်သင့်ပေမယ့်
ကျွန်မ သူ့ကို နည်းနည်းလေးမှတောင်အပြစ်မတင်ရက်ခဲ့ဘူး

My Winter StoryWhere stories live. Discover now