Ep.20

2.3K 173 26
                                    

~~~Invisible~~~

ထိုညက Jessica သူမရဲ့penthouseမှာ တယောက်ထဲရှိနေခဲ့သည်။သူမ ဖျားနေတယ်လို့ ပြောပြီး agencyကလူတွေနဲ့လုပ်မဲ့meetingတွေ အားလုံးကိုရှောင်ဖို့စီစဉ်ခဲ့သည်။Agencyက အကြီးအကဲတွေက သူမရဲ့ကိစ္စတွေ,သူမcareerအတွက်လမ်းကြောင်း,သူမရဲ့နောက်လာမဲ့projectနဲ့ scandalထွက်ပြီးတဲ့နောက် အခြေအနေကိုကယ်တင်မဲ့နည်းလမ်းတွေ စသဖြင့်ဆွေးနွေးရင်းအလုပ်များနေကြသည်။ထိုသူတွေထဲတွင် Minyoungလည်းတယောက်အပါအဝင်ဖြစ်သည်။

သို့သော် Jessica အဲ့ဒီမှာဝင်ပါဖို့ စိတ်ထဲမရှိခဲ့။သူမ အဲ့ဒီမှာရှိခဲ့ရင်တောင် သူတို့သူမရဲ့ထင်မြင်ချက်ကို ဘယ်လိုနည်းနဲ့မှထည့်စဉ်းစားမှာမဟုတ်မှန်း သူမသိတယ်လေ။သူမက သူမcompanyရဲ့အဖိုးတန်ပစ္စည်းတခုပါ အဲ့ဒါကြောင့်လဲ သူတို့ Jessica
ရဲ့ထင်မြင်ချက်ကို ထည့်သွင်းမစဉ်းစားပဲ သူမရဲ့ကိစ္စတွေကို သူတို့အကောင်းဆုံးလို့ထင်တဲ့နည်းနဲ့ပဲကိုင်တွယ်နေကြတာပေါ့။ဒီလိုမျိုး အမြဲ ဖြစ်နေကြပါပဲလေ။

အခု ညသန်းခေါင်ချိန်နီးပါးရှိနေပြီ ဖြစ်နေပေမဲ့ သူမ မအိပ်ချင်သေးပေ။သူမ ဟိုသွားဒီသွားနဲ့လျှောက်သွားနေပြီး မီးဖိုချောင်ထဲဝင်လာခဲ့သည်။ရေငတ်သလို ခံစားရတော့ သူမရေခဲသတ္တာကိုဖွင့်လိုက်ပြီး ရေငတ်ပြေစေဖို့ တခုခုရှာလိုက်သည်။

သူမ မျက်လုံးများက vodkaပုလင်းတခုပေါ်မှာကျရောက်သွားသည်။

အခုချိန်အတွက် အဲ့ဒါကအကောင်းဆုံး ဆေးဖြစ်လိမ့်မယ်။သူမလည်ချောင်းထဲကို အဲ့အရည်တွေမျိုချလိုက်တာက သူမရဲ့ဝေဒနာကို မေ့ပျောက်ဖို့အတွက်ကူညီနိုင်လိမ့်မယ်..

သူမရဲ့ နာကျင်မှု..သူမရဲ့ ဝမ်းနည်းမှု..သူမရဲ့ အသဲကွဲမှု..

ဒါပေမဲ့ နာကျင်မှုကိုမေ့ပစ်တယ်ဆိုတာ Taeyeonကိုမေ့ပစ်တာပဲလေ..

သူမ သူနဲ့ပတ်သက်ပြီး မမေ့ချင်ဘူး..သူ့ကို တမိနစ်လေးတောင်မေ့ပစ်တာထက်စာရင် နာကျင်မှုပဲကိုတောင့်ခံလိုက်တော့မယ်..

သူမရဲ့လက်က ရေတဘူးကိုလှမ်းယူလိုက်ပြီး ရေခဲသေတ္တာတံခါးကို ပြန်ပိတ်လိုက်သည်။

Invisible[Trans]Where stories live. Discover now