Ep.11

2.2K 162 19
                                    

~~~Invisible~~~

ထိုညနေက Taeyeonနဲ့Jessica Dr.Seoရဲ့ရုံးခန်းကိုသွားခဲ့ကြသည်။Hyoyeonကတော့ သူမထပ်ပြီးTaeyeonအလှည့်နေရာမှာ ထပ်ပြီးဝင်လုပ်ပေးရမည်ဆိုတော့ ညည်းတွားနေခဲ့သည်။ထိုDoctorရဲ့ရုံးခန်းရှေ့တွင်မူ သူတို့ပထမတခါလာတုန်းကလောက် စောင့်နေတဲ့လူများမနေခဲ့ပေ။နောက်တော့မှ ထိုDoctorမှာသူတို့ကိုတွေ့ဖို့သက်သက်အတွက် သူမရဲ့အခြားချိန်းဆိုထားမှုတွေဖျက်ထားမှန်းသိလိုက်ရသည်။

"အဲ့တော့ ပြောပါDr~ကျမတို့ သူ့ကိုပြန်မြင်ရအောင်ဘယ်လိုလုပ်ကြမလဲ?" Taeyeonစိတ်မရှည်စွာနဲ့မေးလိုက်သည်..

Dr.Seoက Taeyeonကိုကြည့်ပြီး သူမဘေးကJessicaရှိနေတဲ့ထိုင်ခုံအလွတ်ကိုကြည့်လိုက်သည်..

Dr.Seo- "ကျမ ကျမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့စစ်ဆေးကြည့်ပြီးတော့ Wikipediaမှာလဲresearchလုပ်ခဲ့ပြီးတဲ့နောက် ကျမကောက်ချက်တခုချမိတယ်~ရှင့်သူငယ်ချင်းမမြင်ရတာ အပြစ်ဒဏ်တခုအနေနဲ့ဖြစ်နိုင်တယ်"

Tae- "အပြစ်ဒဏ်?"

Dr.Seo- "ရှင့်သူငယ်ချင်းက ဘယ်လိုလူစားမျိုးလဲ?"

Tae- "Dr ဘာကိုဆိုလိုတာလဲဟင်?"

Dr.Seo- "သူ ဒီလိုမျိုးအပြစ်ဒဏ်ခံရတာ တခုခုမကောင်းတာလုပ်ခဲ့လို့ဖြစ်နိုင်တယ်လေ~သူ့ကိုနဂိုပုံစံပြန်ဖြစ်စေနိုင်တဲ့တခုထဲသောနည်းလမ်းက အဲ့ဒီဥစ္စာကဘာလဲဆိုတာကိုရှာဖို့ပဲ"

Tae- "Well, ဒီတိုင်းတခုခုမကောင်းတာဆိုတာထက်တော့ပိုနိုင်တာသေချာတယ်~မကောင်းတာလုပ်ခဲ့တာအများကြီးဖြစ်လိမ့်တယ်"

Jessica Taeyeonအားလှည့်ကြည့်လိုက်သည်..

Dr.Seo- "မမြင်ရတာမဖြစ်ခင်နေ့တုန်းကသူဘာလုပ်ခဲ့လဲဆိုတာကို သူအခုမှတ်မိအောင်လုပ်ရမယ်~အကယ်လို့သူမကောင်းတာအများကြီးလုပ်ခဲ့မိတာဆိုရင် သူအဲ့ဒါတွေအကုန်လုံးကိုlistလုပ်ရမယ် ပြီးတော့ သူဖျက်ဆီးခဲ့တဲ့အရာတွေကိုပြန်ပြုပြင်ရမယ်"

Tae- "ဖျက်ဆီးခဲ့တဲ့အရာတွေကိုပြန်ပြုပြင်ရမယ်?"

Dr.Seo- *nod* "သူနင်းခြေခဲ့တဲ့နှလုံးသားတွေ သူခြေမွခဲ့တဲ့မျှော်လင့်ချက်တွေနဲ့သူဆွဲယူသွားခဲ့တဲ့ပျော်ရွှင်မှုတွေ အဲ့ဒါတွေအကုန်လုံးကိုသူပြန်ပြီးပြုပြင်ရမယ်"

Invisible[Trans]Where stories live. Discover now