Ep.17

2.4K 171 32
                                    

~~~Invisible~~~

Taeyeon အခန်းထဲရောက်ဖို့လှေကားပေါ်ကိုအားယူကာတက်ခဲ့ရသည်။သူမ နောက်ကျမှအိမ်ပြန်ရောက်လာပြီး သူမအလှည့်တာဝန်ကိုလဲလွတ်ခဲ့သည်။Hyoyeon ဆီကနေ နားနဲ့မဆံ့နိုင်အောင်ပွစိပွစိပြောတာတွေကို ကြားခဲ့ရပေမဲ့ သူဘာပဲပြောနေပြောနေ သူမလုံးဝကိုလျစ်လျူရှုထားခဲ့သည်။သူမရဲ့စိတ်က အခြားအရာတွေမှာသာစိုးမိုးနေခဲ့တယ်လေ..

ဒီနေ့Dr.Seoနဲ့ပြောခဲ့တဲ့စကားတွေက သူမရဲ့ခေါင်းထဲမှာထင်ကျန်နေလေသည်..

"ရှင်မရှိရင် သူလမ်းပျောက်နေမယ်"

"ရှင်မရှိရင် သူတသက်လုံးပျောက်ကွယ်သွားလိမ့်မယ်"

Tae- "အဲ့ဒါဆို ကျမဘာလုပ်သင့်လဲဟင်?"

Dr.Seo- "ပထမဆုံး သူ့ကိုရှာပါ~ ပြီးရင်တော့ ရှင့်သဘောပါ~ရှင်က သူပြန်မြင်လာစေနိုင်မဲ့ သော့ကိုကိုင်ထားတယ်လေ"

Tae- "သော့?ဘာသော့လဲ?"

Dr.Seo- "အဲ့ဒါတော့ ကျမ,မသိဘူး~ ရှင်တယောက်ပဲသိတဲ့အရာတခုပေါ့"

သူမ ပထမထပ်ကိုသွားဖို့လှေကားပေါ်တက်လာပြီးနောက် hallwayရဲ့အစွန်ဆုံးမှာရှိတဲ့laundryခန်းဆီကိုလျှောက်သွားခဲ့သည်။သူမ အခန်းထဲမဝင်ခင် မနေ့ကအဲ့ဒီမှာချန်ထားခဲ့တဲ့towelကိုသွားယူဖို့အတွက်ဖြစ်သည်။အထပ်တထပ်လုံးမှာ အခန်းကနှစ်ခန်းသာလျှင်ရှိတော့ တကယ်ကိုတိတ်ဆိတ်နေခဲ့သည်။ပြီးတော့ သန်းခေါင်အချိန်ကြီးလေ..

Motion sensorတပ်ဆင်ထားတဲ့အတွက်ကြောင့် Taeyeon လျှောက်သွားတာနဲ့ hallwayတလျှောက် မီးတွေကအလိုအလျောက်လင်းသွားခဲ့သည်။သူမ စင်ပေါ်မှာအဖြူရောင်towelတွေအထပ်လိုက်တင်ထားတဲ့ laundryခန်းထဲရောက်တော့ အခန်းထဲမှာရှိတဲ့တခုထဲသော သူမရဲ့အစိမ်းရောင်towelကိုချက်ချင်းရှာတွေ့လိုက်သည်။သူမ ယူလိုက်ပြီး လက်တဖက်နဲ့ကိုင်ကာ လှေကားရှိရာသွားဖို့ hallwayကိုပြန်ပြီးဖြတ်သွားရအုံးမည်။သူမရဲ့အခန်းက ဒုတိယထပ်မှာကိုး..

ဒါပေမဲ့ တခုဖြစ်ခဲ့သည်..

Hallwayရဲ့အခြားတဖက်စွန်းက မီးကလင်းသွားခဲ့သည်...ဒါပေမဲ့ အဲ့ဒီမှာဘယ်သူမှမရှိခဲ့..

Invisible[Trans]Where stories live. Discover now