Ep.9

2.1K 163 15
                                    

~~~Invisible~~~

Guest houseရှေ့တွင် Jessicaတယောက် ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်လုပ်နေသည်။တခါတလေ သူမ နာရီကိုကြည့်လိုက် လမ်းကိုကြည့်လိုက်နဲ့ တစုံတယောက်ကိုစောင့်နေသလိုလို။သူမ အစားအစာထားတဲ့အခန်းထဲကမုန့်သွားယူဖို့သာ အထဲကိုဝင်ပြီး တဖန်ဆင်ဝင်ဘက်ကိုပြန်လာကာ ထပ်ပြီးစောင့်နေပြန်သည်။သူမစောင့်နေခဲ့တာ အချိန်ကညနေတောင်စောင်းသွားပြီဖြစ်သည်။

သူမတနေလုံး သူမနောက်တကောက်ကောက်လိုက်နေတဲ့ကြောင်လေးကိုချီကာ အဖော်ပြုနေခဲ့သည်..

"Cat, အဲ့pale faceဘယ်သွားနေတာလဲဟင်?"သူမ ကြောင်ကိုမေးနေမိသည်..

"သူငါ့ကို..ထားသွားပြီလို့ထင်လား?မနေ့က သူ့ကိုငါပြောတာနဲနဲများသွားလို့များလား?

သူမနှုတ်ခမ်းကိုကိုက်လျက်.."Well, ငါတကယ်ကိုရည်ရွယ်ပြီး ပြောခဲ့တာမှမဟုတ်ပဲ~ငါဒီတိုင်း စဉ်းစားပြီး ခေါင်းရှင်းဖို့အချိန်နဲနဲလိုလို့ပါ"

သူမ သက်ပြင်းချကာ ကြောင်ရဲ့ခေါင်းကိုပုတ်လိုက်သည်..

"Hmm ငါနင့်ကိုနာမည်တခုပေးရမယ်"

"နင်ကအရမ်းကို အေးဆေးပြီးတည်တည်ငြိမ်ငြိမ်ဖစ်လွန်းတာဆိုတော့ Taeyeonဆိုရင်ရောဘယ်လိုလဲ?"

ကြောင်လေးမှာ သူမကိုပိုပြီးပွတ်သီးပွတ်သပ်လုပ်လိုက်သည်..

"နင်အဲ့နာမည်ကိုကြိုက်တယ်ပေါ့လေ~Ok နင့်ကိုTaeyeonလို့ပဲခေါ်တော့မယ်~ မီးခိုးရောင်ကြောင်လေး Taeyeon!"

သူမ ဆက်ပြီးကြောင်ကို ပွတ်လိုက်ခေါင်းကိုပုတ်လုပ်နေတုန်းမှာ လမ်းသွယ်တခုကနေ အစိမ်းရောင်Vanကားလေးတစီး ထွက်လာပြီး Guest houseရဲ့အမိုးအကာအောက်တွင်ရပ်လိုက်သည်။Jessicaအဲ့ကားကdriverထွက်လာတဲ့အထိစောင့်နေခဲ့သည်။သူမမှန်းတာမှန်ခဲ့သည်..ထိုသူမှာTaeyeonပင်ဖြစ်သည်..

Taeyeonကားပေါ်ကနေဆင်းလာတော့ Jessicaကြောင်တကောင်နဲ့အတူရပ်နေတာကို သတိထားမိလိုက်သည်။သူမ မြင်လိုက်ရတဲ့သူ့ပုံစံမှာ အထီးကျန်နေတဲ့သူပုံပေါက်နေတော့ သူမပြုံးလိုက်မိသည်။

သူမ သူ့ဆီလျှောက်သွားလိုက်ပေမဲ့ Jessicaမှာသူမဆီ ဒေါသတကြီးနဲ့လျှောက်လာတော့ သူမရပ်လိုက်သည်။

Invisible[Trans]Where stories live. Discover now