Ep.13

2.7K 163 56
                                    

~~~Invisible~~~

သူအကုန်ကြားသွားခဲ့တာလား?...

သူတို့ကြားမှာ အချိန်တွေရပ်တန့်သွားသလိုမျိုး တယောက်နဲ့တယောက်အချိန်အတော်ကြာကြည့်နေခဲ့ကြသည်။ထို့နောက် ရုတ်တရက် Jessicaပြုံးပြလိုက်တော့..Taeyeonတောင့်တောင့်ကြီးဖြစ်သွားခဲ့သည်..

သူမတခါမှ Jessicaပြုံးတာကိုမမြင်ဖူးခဲ့ပေ။အထူးသဖြင့် သူမကိုပေါ့..

"Goodnight Taeyeon" Jessica ပြောပြီး လှည့်ထွက်ကာ လှေကားပေါ်တက်သွားခဲ့သည်။

အဲ့ဒီနောက်ပိုင်း ဘာတွေဖြစ်ခဲ့မှန်း Taeyeonသေချာမသိခဲ့။Hyoyeonကသရဲမြင်ခဲ့သလိုမျိုး အော်ဟစ်ပြီး ကပြာကယာနဲ့လှေကားပေါ်ပြေးတက်သွားခဲ့တယ်လို့ သူမထင်ခဲ့သော်လည်း တကယ်ဖြစ်ခဲ့တာလားဟုတ်လားမဟုတ်လားဆိုတာတော့ သူမမသေချာခဲ့ပေ။သူမ cousinကအမြဲတန်းလို ထူးထူးဆန်းဆန်းတွေပြုမူနေတာပဲလေ..

Taeyeon ငူငူကြီးတွေဝေနေခဲ့သည်..

Jessicaက သူမကိုပြုံးပြခဲ့တယ်..

Jessicaက သူမနာမည်ကိုခေါ်ခဲ့တယ်..

သူမကိုယ်သူမတောင်မသိလိုက်ပဲ Taeyeonနှုတ်ခမ်းများပြုံးယောင်သမ်းလာပြီးနောက် ပါးစပ်ကနားရွက်တပ်ချိတ်မတပ်ပြုံးမိခဲ့သည်။သူမ ထိုင်ခုံနောက်မှီလိုက်ပြီး Jessicaသူမကိုပြုံးပြခဲ့တဲ့ပုံရိပ်က သူမခေါင်းထဲတွင်ထပ်တလဲလဲပေါ်နေခဲ့ပြီး စပ်ဖြီးဖြီးလုပ်နေသည်..

"သူ-သူ ငါ့ကိုပြုံးပြခဲ့တယ်-"

ရုတ်တရက် သူမခေါင်းခါလိုက်ပြီး..

"ငါဘာဖြစ်နေတာလဲ?သတိထားစမ်း Kim Taeyeon"

"သတိထားစမ်းပါ.." *sigh*

*********

ထိုမနက်အစောပိုင်းလောက်မှာ Taeyeonသူမအလှည့်ပြီးတာနဲ့ သူမအခန်းဆီကိုပြန်လာခဲ့သည်။သူမရဲ့မျက်လုံးများမှာ တဝက်မျှသာပွင့်နေခဲ့ပြီး သူမဒုတိယထပ်ကိုရောက်ဖို့အတွက် လှေကားတလျှောက် လက်ရန်းများကိုမှီလျက် တက်လာခဲ့သည်။သူမ အဲ့လောက်အထိကိုအိပ်ငိုက်နေခဲ့သည်။

သူမနောက်ဆုံး အခန်းဆီရောက်လာတော့ တံခါးကိုတွန်းဖွင့်လိုက်သည်။Jessicaသူမရဲ့အိပ်ရာကိုပိုင်စိုးထားမယ်ဆိုတာကို သူမမျှော်လင့်ခဲ့ပြီးဖြစ်၍ ကြမ်းပြင်ပေါ်က အခင်းလေးပေါ်မှာပဲအိပ်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့သည်။ဒါပေမဲ့ သူမထင်တာမှားခဲ့တယ်..Jessicaက နိုးနေပြီးဖြစ်သည်..

Invisible[Trans]Where stories live. Discover now