Ep.15

2.2K 172 38
                                    

~~~Invisible~~~

နောက်ထပ်တနေ့ကုန်ဆုံးသွားပေမဲ့ ထိုပိုးတုံးလုံးမှာ လိပ်ပြာအဖြစ်ကိုတော့ပြောင်းမလာသေးပေ။ဒါပေမဲ့ နေ့တွေကုန်ဆုံးသွားတာနဲ့အမျှ Taeyeonနဲ့Jessicaမှာ တဖြည်းဖြည်းရင်းနှီးလာခဲ့သည်။

အဲ့ဒီနေ့ကစပြီး နှစ်ရက်အကြာတွင် သူတို့နှစ်ယောက်သား computer screenကိုရှေ့မှာထားလျက် labစားပွဲတွင်ထိုင်နေကြသည်။Jessicaမှာ Taeyeonရဲ့အကူအညီနဲ့life cycleအကြောင်းနဲ့ပတ်သက်တဲ့reportရေးကာ အလုပ်များနေသည်..

"Gosh ငါ ဒီဟာကိုတကယ်ရေးနေတာလို့ ငါ့ကိုယ်ငါတောင်မယုံနိုင်ဘူး..."Jessica introductionအပိုင်းမှာ နောက်ဆုံးစာကြောင်းကိုရေးပြီး ရေရွတ်လိုက်သည်..

သူမ penကိုချလိုက်ပြီး Taeyeonအား မယုံနိုင်စွာနဲ့ကြည့်ကာ.."နင် scienceဘာသာကို ဘာလို့အဲ့လောက်တောင်ကြိုက်မှန်း နားကိုမလည်ဘူး!ဒီလောက် သေအောင်ပျင်းဖို့ကောင်းတာကို!"

Taeyeon ခပ်ဖွဖွရယ်လျက်.."ဒါကတော့ နင်cheerleaderလုပ်ရတာ ကြိုက်သလိုမျိုး ငါလဲ scienceဘာသာကိုကြိုက်တာပေါ့~အဲ့ဒါက ငါ့အတွက်တော့အကျိုးမရှိပေမဲ့ နင်ကျတော့ကြိုက်တယ်လေ"

Sica- "Cheerleaderလုပ်တာ အကျိုးမရှိတာမဟုတ်ပါဘူးဟ!အဲ့ဒါကပျော်ဖို့ကောင်းတယ်~ဒါပေမဲ့ ဒီလိုlabခန်းထဲမှာ စာအုပ်တွေနဲ့အကျဉ်းကျနေပြီး reportရေးနေရတာကြီးတော့ မဟုတ်ဘူး"

Tae- *ပခုံးတွန့်လျက်* "ငါ့အတွက်တော့ ပျော်ဖို့ကောင်းတယ်!"

Sica- *sigh* "နင်ဟာလေ တကယ်ကိုပျင်းစရာကောင်းတဲ့သူပဲ"

ထို့နောက် သူတို့နှစ်ယောက်လုံး အပင်မှာတွဲလဲခိုနေဆဲဖြစ်တဲ့ ပိုးတုံးလုံးပုံရှိနေတဲ့ screenကိုသာ အာရုံစိုက်လိုက်ကြသည်။တိတ်ဆိတ်ခြင်းက နေရာယူနေပေမဲ့ သူတို့သက်သောင့်သက်သာမဖြစ်သလိုမျိုး မခံစားခဲ့ရပေ..

"နင်ကြီးလာရင် ဘာဖြစ်ချင်တာလဲ?" Jessica တိတ်ဆိတ်မှုကိုဖြိုခွင်းလျက် မေးလိုက်သည်..

Taeyeon Jessicaကိုကြည့်လိုက်ပြီး.."ဘာလို့မေးတာလဲ?"

Sica- "ဘာလို့လဲဆိုတော့ ငါကstarတယောက်ဖြစ်ချင်တာ"😊

Taeyeon အံ့အားသင့်သွားခဲ့သည်..😮

Sica- "ငါလေ လူတွေအတွက် သရုပ်ဆောင်ပြ သီချင်းဆိုပြပြီး ကတောင်ကပြချင်တာ~ပြီးတော့ သူတို့ကလဲငါ့ကိုနှစ်သက်စေချင်တာပေါ့"

Invisible[Trans]حيث تعيش القصص. اكتشف الآن