Ep.12

2.1K 160 17
                                    

~~~Invisible~~~

Sica- "ငါ....တောင်းပန်ပါတယ်"

သို့သော် Eunjiကတော့မကြားခဲ့ပေ။Taeyeonကလွဲပြီး ဘယ်သူမှမကြားခဲ့။

Taeyeon သူ့ကိုလှမ်းကြည့်လိုက်တော့ သူမ တွေ့ရမယ်လို့မထင်မိခဲ့တဲ့Jessicaမျက်နှာပေါ်က နောင်တအရိပ်အယောင်တွေကို သူမတွေ့ခဲ့ရသည်။

Eunjiမမြင်ရနိုင်သော်လည်း JessicaမှာEunjiရဲ့ရှေ့သို့လျှောက်လာခဲ့ပြီး သူမအလုပ်ဖြုတ်ခဲ့တဲ့ထိုမိန်းကလေးအား ကြည့်လိုက်သည်..

Sica- "ငါနင့်ကိုမှတ်မိတယ်~နင်က တကယ်ကိုတော်တဲ့makeup artistတယောက်ပဲ..."

"ဒါပေမဲ့ ငါအမြဲနင့်ကို အကြောင်းပြချက်မရှိပဲဆူပူနေခဲ့တယ်နော်...အဲ့ဒါ ငါအခြားတခုခုပေါ်မှာစိတ်တိုတာနဲ့ ငါဒေါသတွေအားလုံးနင့်ဆီပဲပုံချမိသလိုဖြစ်သွားတာပါ"သူမ နှုတ်ခမ်းများတုန်ရီစွာနဲ့ ထပ်ပြောလိုက်သည်..

ဒါပေမဲ့ Eunjiမှာတော့ သူမပြောတာမကြားပဲ Taeyeonကိုကြည့်နေခဲ့သည်..

Eunji- "ဒါနဲ့ ဘာလို့ကျမကို  Jessica Jungနဲ့ပတ်သက်ပြီးမေးတာလဲဟင်?"

Taeyeon နှုတ်ခမ်းကိုကိုက်လိုက်ပြီး.."ဘာလို့လဲဆိုတော့ ရှင့်အတွက်သူပြောခိုင်းလိုက်တဲ့စကားကို ကျမလာပြောပေးရတာမို့ပါ"

Eunji- "ကျမ အတွက်?"

Tae- *nod* "ဟုတ်ပါတယ်"

Jessica Taeyeonနဲ့Eunjiကြားမှာရပ်နေဆဲဖြစ်ပြီး သူမအကြည့်တွေက ကြမ်းပြင်ပေါ်မှာပဲဖြစ်သည်။Eunjiက သူမကိုမမြင်ရသော်လည်း သူမခုထိ သူ့ကိုမကြည့်ရဲနိုင်ဘူးဖြစ်နေသည်။အချိန်အတော်အကြာကြီးမှာ ပထမဆုံးအနေနဲ့ သူမအပြစ်ရှိသလိုခံစားခဲ့ရသည်။သူမနင်းခြေလိုက်တဲ့ဘဝကိုရင်ဆိုင်ခဲ့ရတဲ့ထိုမိန်းကလေးအားကြည့်ဖို့အတွက် သူမအလွန်ရှက်နေခဲ့သည်..

"တောင်းပန်ပါတယ် Eunji-shi..."သူမ အသံတီးတိုးဖြစ်လုနီးပါး ထပ်ကာထပ်ကာပြောနေမိသည်..

"ကျမ ရှင့်ကိုပြောမယ်ဆိုတာက..Jessicaက သူလုပ်ခဲ့တာအတွက် ရှင့်ကိုတကယ်ကိုတောင်းပန်ပါတယ်တဲ့" Taeyeonက ရုတ်တရက်ထပြောလိုက်သည်။

Eunjiမှာ မျက်လုံးလဲပြူး ပါးစပ်အဟောင်းသားနဲ့အလွန်လန့်သွားခဲ့သည်.."Really?"😨

Invisible[Trans]Where stories live. Discover now