Part - 1

3.9K 306 3
                                    

''ဘယ်လိုလုပ်ကြမလဲ''

ဘာစပ်ဆက်မှုမှမရှိပဲ စကားစပြောလိုက်သူက Chanyeol

''အင်းဘာကိုလဲ''

Kai နဲ့ အတူ Game အသည်းသန်ဆော့ရင်း Yeol ကို မကြည့်ပဲ ပြန်မေးလိုက်သူက Sehun

''ဟိုတစ်ယောက်လေ တောသူမပေါ့''

Chanyeol တစ်ယောက် စိတ်အလိုမကျသော လေသံနဲ့ပြန်ဖြေလိုက်တယ်

''သူကဘာဖြစ်လို့''

Yeol ဘေးနားမှာ ထိုင်နေပီး တချိန်လုံး Fashion Show တွေပဲကြည့်နေတဲ့ Kris ကလည်း Yeol ကိုမကြည့်ပဲ မေးလိုက်တယ်

''မင်းတို့ကမသိလို့မေးနေကြတာလား ငါပြောတာလည်းတစ်ယောက်မှ အာရုံမစိုက်ကြဘူး''

Chanyeolဆီက စိတ်ဆိုးတဲ့လေသံထွက်လာမှ အားလုံးလည်း ဆော့နေတာတွေ ကြည့်နေတာတွေကိုရပ်ပြီး Chanyeol ဘက်ကို လှည့်လာကြတယ်

''ကဲပြောပါအုံး မင်းကဘာအလိုမကျဖြစ်နေတာလဲ''

Kai မေးလိုက်တော့မှ Chanyeol လည်း

''Byun အဖိုးက သူ့မြေးတောသူမကို ငါတို့နဲ့ကျောင်းအတူသွားခိုင်းတာလေ ငါတို့ရှိုးပဲ့တာပေါ့ သူ့ကိုမခေါ်ပြန်ရင်လည်း Omma တို့ကဆူအုံးမယ်''

Chanyeol တို့လေးယောက်က ပြိုင်ကားလေးစီးနဲ့ ကျောင်းကိုအတူသွားကြတယ် သူတို့လေးယောက်ကျောင်းထဲဝင်လာရင်ကို ကောင်မလေးတွေပွက်လောရိုက်သံက အစဉ်လာတစ်ခုလိုဖြစ်နေပီ သူတို့ကလည်းအဲ့လိုမျိုး popular ဖြစ်တာကိုသဘောကျကြတာလေ

Chanyeol ရဲ့စူပုတ်ပုတ်မျက်နှာကိုတွေ့တော့ Kris လည်းရယ်မိသွားတယ်

''Kris မင်းကဘာရယ်တာလဲ ရင်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ဘူးနော်''

Kris လည်း Chanyeol ပုခုံးပေါ်လက်တင်လိုက်ပီး

''မင်းကဒါကိုစိတ်ညစ်စရာလို့ထင်နေတာလား Park Chanyeol ဆိုတဲ့ မင်းမဟုတ်တဲ့အတိုင်းပဲ ထုံးစံအတိုင်းလုပ်လိုက်လေ''

Chanyeol လည်းနားမလည်သေးသော မျက်လုံးတွေနဲ့ Kris ကိုကြည့်လိုက်တော့ Kris တစ်ယောက် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်တယ် ခဏကြာမှ Chanyeol လည်းသဘောပေါက်သွားပီး အကြံစည်ရှိသောအပြုံးကို ပြုံးလိုက်ပြီးKris ပုခုံးကိုပြန်ဖက်ကာ

Our Friendship  [completed]Where stories live. Discover now