Intro

6.8K 342 12
                                    

ကြီးမားလှတဲ့ Byun စံအိမ်ကြီးရဲ့ ဧည့်ခန်းထဲတွင် Byun သူဌေးကြီး၏ လုပ်ဖော်ကိုင်ဖက် Share ဝင်လေးဦးနှင့် သူတို့ရဲ့မိသားစုဝင်များ စုဝေးလျှက်ရှိသည်

ဘာမှနားမလည်သေးတဲ့ 16 နှစ်အရွယ် အူကြောင်ကြောင်ကောင်မလေးတစ်ယောက်လည်း သူဌေးကြီးရဲ့ဘေးတွင် ငြိမ်သက်စွာရပ်နေသည်

သားတို့မှတ်ထားကြနော် ဒါက မင်းတို့ရဲ့ သူငယ်ချင်းအသစ် အဘိုးရဲ့မြေးမလေး Byun Baekhyun တဲ့

Boys : Nae

ကောင်လေး လေးယောက်ကတော့ ကောင်မလေးကိုရှုံ့ချသော မျက်လုံးတွေနှင့် ကြည့်နေပီးသူဌေးကြီးByun ကိုကြောက်လို့သာ မဖြစ်သာ၍ နှုတ်ဆက်နေရသည်

ကောင်လေးလေးယောက်ဆိုတာက...

ပထမတစ်ယောက်ကတော့ korea နိုင်ငံရဲ့ ပြတိုက်တွေနှင့်ပန်းခြံတွေ အမြောက်အများပိုင်ဆိုင်တဲ့ သူဌေးကြီး Park
ရဲ့ တစ်ဦးတည်းသောသား
Park Chanyeol အစအနောက်သန်တယ် သူများကိုဒုက္ခပေးရတာ ဝါသနာပါတယ် တစ်နေ့မှာတစ်ယောက်ကို ဒုက္ခမပေးရရင် စားမဝင်အိပ်မပျော်သူ

ဒုတိယတစ်ယောက်ကတော့ Shopping Center တွေ Fashion နဲ့ ပတ်သတ်တဲ့ Brand တွေ ထုတ်တဲ့ Company လုပ်ငန်းတွေ များစွာပိုင်ဆိုင်တဲ့ သူဌေးကြီး Wu ရဲ့ တစ်ဦးတည်းသောသား Wu Yifan ခေါ် Kris Fashion king လို့လဲခေါ်တယ် သူ့ကိုယ်သူ အမြဲသနေပြီးသေသေသပ်သပ်နေထိုင်သူ အပြင်ပန်းသာအေးသလို Cool Guy ပုံစံနှင့် Chanyeol ရဲ့ သူများကိုဒုက္ခပေးတဲ့ အစီစဉ်တွေမှာ အကြံပေးပြီး အားပေးအားမြှောက်သူ

တတိယတစ်ယောက် SM Entertainment ကိုပိုင်ဆိုင်ထားပီး korea ရဲ့ ရုပ်သံလွှင့် အစီစဉ်တွေ Movie တွေများစွာထုတ်လုပ်တဲ့ ထုတ်လုပ်ရေးတွေလည်းပိုင်ဆိုင်တဲ့ သူဌေးကြီး Kim ရဲ့ တစ်ဦးတည်းသောသား Kim Jongin ခေါ် Kai အနေအေးတယ် မိန်းကလေးတွေရဲ့ သည်းစွဲဖြစ်ပေမယ့် အကလောက် ဘာကိုမှသိပ်စိတ်မဝင်စားတဲ့သူ ဒါပေမယ့် Chanyeol ရဲ့ဒုက္ခပေးတဲ့အစီစဉ်မှာတော့ စိတ်ပါလက်ပါ ပါဝင်သူ

စတုတ္ထတစ်ယောက်ကတော့ Restanrant တွေ Coffee ဆိုင်တွေ စားသောက်ကုန်တွေဖြန့်ချီတဲ့ Korea နိုင်ငံရဲ့ နံပါတ် ၁ နေရာမှာရှိနေတဲ့ စားသောက်ကုန်လုပ်ငန်းတွေကို ပိုင်ဆိုင်ထားသူ သူဌေးကြီး Oh ရဲ့ တစ်ဦးတည်းသောသား Oh Sehun သူကအဖွဲ့ထဲမှာအငယ်ဆုံးနဲ့အမွှေဆုံး ရည်းစားလည်းအပွေဆုံး Smart အကျဆုံး ကောင်မလေးတစ်ယောက်ကို တစ်ပတ်ထက်ပိုမတွဲတတ်တဲ့ SKB ဘွဲ့ကို ပိုင်ဆိုင်ထားသူ

မြေးမလေးကို အဘိုးက မွေးစားလိုက်တာဖြစ်ပေမယ့် အဘိုးရဲ့အမွေတွေအားလုံးကို ဆက်ခံခွင့်ရမှာက ဒီမြေးမလေးပဲ အားလုံးကိုအသိပေးချင်လို့ခေါ်လိုက်ရတာ

All : Nae

သူဌေးကြီး Byun ဆိုတာ သူဌေးတွေအားလုံးကို သြဇာလွှမ်းနိုင်ပြီး အားလုံးကလေးစားရသူ

Baekhyun ဆိုတာက ရိုးသားတဲ့ ကျေးလက်ဒေသက ကောင်မလေးတစ်ယောက်
သူဌေးသားလေးယောက်ကတော့ ဆိုးတဲ့နေရာမှာနာမည်ကြီး

Baekhyun နဲ့ ကောင်လေးလေးယောက်နဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ...

___________Our Friendship___________

Author ကတော့ စိတ်ထဲတွေးမိတာလေး ရေးလိုက်ပီ ဖတ်ချင်တဲ့လူရှိပါ့မလားလဲ မသိ
comment လေးတွေပေးခဲ့ရင်တော့ စွန်းပျော်မိပြီး မြန်မြန်ရေးဖို့အားဆေးဖြစ်တာပေါ့

90° bow
Thanks for reading

Our Friendship  [completed]Where stories live. Discover now