Clueless

4.6K 449 17
                                    

"aish! အိမ်ပြန်ရောက်ရင် mama ဆူတော့မှာပဲ!"

"နင်ကလဲ နမော်နမဲ့နဲ့! သော့တစ်ချောင်းလုံးကျန်ခဲ့ရအောင် ဘာတွေများတွေးနေတာလဲ?"

ကျနော်အိမ်ကိုအမြန်ပြေးနေတုန်း ကျနော့်ဘေးက Xiang Yan ဆိုတဲ့သူငယ်ချင်းက ကျနော့်ကိုအောက်ငေါက်နေသည်လေ!

"အား!"

ကျနော် ကွေ့တစ်ခုမှာ လူတစ်ယောက်နဲ့ဝင်တိုက်ပြီး သူ့အထုတ်တွေပြန့်ကျဲသွားတော့ စိတ်ကအရမ်း လောနေလို့ ကျနော် ရပ်ရမလို သွားရမလို... ကျနော့် သူငယ်ချင်းကတော့ အမောဖြေဖို့ ခါးထောက်ရပ်နေရင်း ကျနော့်ကိုခေါင်းခါပြတယ်!

"ZiTao.. နင်ဟာလေ နမော်နမဲ့!"

"ကျနော်တောင်းပန်ပါတယ်! မမြင်လိုက်လို့.."

ကျနော်လောလောနဲ့ သူ့အထုပ်တွေကူကောက်ပေးရင်း ကျနော့်လက်က သူ့ရဲ့ လက်အိတ်နဲ့ ပွတ်သွားတော့ သူ့လက်ကို ဆတ်ကနဲရုတ်လိုက်တယ်!

"မကောက်ပါနဲ့တော့!"

"ဟင်? ကျ.. ကျနော်ကူပေးမယ်လေ"

"ငါ့ပစ္စည်းတွေကိုမထိနဲ့!"

"ဟမ်?"

သူ့ကြည့်ရတာ စိတ်မနှံ့တဲ့သူတစ်ယောက်လို ပြူးကြောင်ကြောင်နဲ့ ကျနော့်လက်ထဲက သူ့ပစ္စည်းကို နှမြောသလိုလိုကြည့်နေပြန်တယ်!

"ကျစ်.."

ကျနော်လက်ထဲမှာကိုင်ထားတဲ့ပစ္စည်းတွေကို ပစ်ချပြီး အိမ်ကိုတချိုးတည်းပြေးတော့ လမ်းမမှာ သူတစ်ယောက်တည်း ပစ္စည်းတွေ ပွစာကျဲပြီးကျန်ခဲ့တယ်!

*~*~*~*~*~*~*~*~*~*~*~*~*

"ရော့! ရေသောက်ဦး"

"xie xie"

သူမ က ရေကိုမော့သောက်လိုက်ရင်း sofa ပေါ်ခြေပစ်လက်ပစ်ထိုင်ကျသွားတယ်!

"သော့ကငါ့အိတ်ထဲမှာဆိုတာ တကယ်မသိလိုက်တာ.. ငါတောင်းပန်ပါတယ်!"

ခေါင်းကုတ်နေတဲ့ကျနော့်ကို Xiang က နောက်တစ်ကြိမ် ခေါင်းခါပြတယ်! ကျနော်နမော်နမဲ့နိုင်တာ တစ်ကြိမ်နှစ်ကြိမ်မဟုတ်တော့!

"နင်ဟာလေ.. ငါမပြောလိုက်ချင်ဘူး! နင့်ကိုပြောရင် ငါပဲမောတယ်! လမ်းမှာလဲလူတွေနဲ့ဝင်တိုက်မိလိုတိုက်! Chanyeol ကိုအားနာစရာကြီး!"

FearlessTempat cerita menjadi hidup. Temukan sekarang