Helpless

4K 451 36
                                    

"ငါ.. အိပ်မက်မက်နေတယ်ထင်တယ်... Chanyeol"

ကျနော့်ခါးကိုဖက်တွယ်ထားတဲ့ လက်က အနွေးဓာတ်က သူ့အနွေးဓာတ်မှန်းလက်တွေ့ခံစားလို့ ရနေပေမယ့်.....

"ငါ.. အရမ်းစိတ်ကူးယဉ်မိသွားတယ်ထင်တယ်...."

သူ့နှလုံးသားနဲ့အနီးကပ်ဆုံး အနေအထားတစ်ခု အချိန်အပိုင်းအခြားလေးတစ်ခုဟာ အိပ်မက်တွေ စိတ်ကူးယဉ်မှုတွေ ဖြစ်သွားမှာ ကျနော်ကြောက်နေတယ်...

တခြားတစ်ဖက်က ကြည့်ပြန်တော့ သူ့ကိုပိုင်ဆိုင်ရတဲ့အခါ နောက်တစ်ကြိမ်ထပ်ဆုံးရှုံးရမှာကြောက်နေတယ်...

**အချစ်ကိုသိပ် အလေးအနက်ထားလွန်းတဲ့အခါ ဝမ်းနည်းစရာ အဆုံးသတ်တွေနဲ့ ကြုံရတတ်တယ်**

"Chan.."

"အိပ်မက်မဟုတ်ဘူး Baekhyun.."

".........."

"မင်းအိပ်မက်မက်နေတယ်ဆိုရင်တောင် ငါကိုယ်တိုင် မင်းကိုနှိုးပြီးပြောမိမှာပဲ..."

သူ့ရဲ့အသက်ရှူသံက ကျနော့်လည်ပင်းကို ထိရိုက်တဲ့ အခါမှ ကျနော် သူ့ပေါ်နည်းနည်းမှီချလိုက်တယ်..

ကျနော်သက်ပြင်းချလိုက်တော့ သူက ကျနော့်ကို နောက်ကနေ ထွေးပွေ့ထားဆဲ! သူ့မေးစေ့လေးကို ကျနော့် ပခုံးပေါ်မှီတင်ထားတော့ ကျနော် တခစ်ခစ်ရယ်ရင်း သူ့ဆံပင်တွေကို လှမ်းဖွလိုက်တယ်!

"gomawo Channie!"

"အင်း........."

Chanyeol POV:
ကျနော့်ဘေးကနေ ပျောက်ကွယ်သွားတော့မယ် ဆိုတဲ့စကားနဲ့ ငိုရှိုက်သံတွေ ရောနေတဲ့ သူ့အသံကို ကျနော် ကြားပြီးပြီးချင်း ကျနော့်ခေါင်းထဲမှာ ဘာကိုမှမမြင်နိုင်တော့ဘူး! အခုသူဒီလိုဖြစ်တာ ကျနော့်ကြောင့်ဆိုတဲ့ အတွေးတွေဝင်လာတိုင်း သူနဲ့ကျနော် ကြားထဲက ခြားထားတဲ့ နံရံ ကတဖြည်းဖြည်းပြိုကျလာတယ်!

သူအားနည်းတဲ့အခါ ကျနော်ပါ အားလျော့လာတယ်! ငယ်ငယ်လေးကတည်းက သူ့ဘေးမှာ အမြဲနေရင်း သူ့ကိုအမြဲအလိုလိုက်တတ်တဲ့အကျင့်ကြောင့် သူတစ်ခုခုဖြစ်တာနဲ့ ပြေးသွားပြီး သူ့ဘေးမှာနေချင်တဲ့စိတ်ကို ဘာကြောင့်တားလို့မရမှန်း ကျနော်မသိဘူး!

FearlessWhere stories live. Discover now