Breathless

4K 492 26
                                    

"...."

ကားထဲမှာတော့ အရာအားလုံးက တိတ်ဆိတ်လျက်.. သူကတော့ steering wheel ကိုဆုပ်ကိုင်ထားပြီး ကားမှန်ကနေ အပြင်ဘက်ကိုအသက်မဲ့စွာငေးမောနေတယ်..

"ငါ့ကိုစိတ်မဆိုးဘူးလား?"

သူကားပေါ်ကနေ ဆင်းပြီး ကျနော့်ဘက် လျှောက်လာရင်း ကားတံခါးကိုဆွဲဖွင့်တယ်..

"ဒီနေ့မင်းငါ့ဆီမှာခဏနေလိုက်.. ငါ မနက်ကျရင် Kyungsoo ကိုဖုန်းဆက်ပေးမယ်"

ကားသော့ပိတ်ပြီး အိမ်ထဲဝင်မယ်လုပ်တဲ့ သူ့လက်မောင်းကိုကျနော်လှမ်းဆွဲမိတယ်! မထင်မှတ်ထားတဲ့ သူ့တုံ့ပြန်မှုကိုကျနော်သိပ်သဘောမကျ...

"ငါမင်းမပြန်မချင်း Seoul ကိုပြန်မှာမဟုတ်ဘူး Chanyeol"

"မင်းသဘောပဲလေ ငါနဲ့ဆိုင်လား?"

သူကျနော့်လက်ကိုလွှတ်ချရင်း အေးအေးလူလူ အိမ်ထဲ ဝင်သွားတော့ ကျနော်သူ့နောက်တကောက်ကောက် လိုက်နေမိတယ်! Heater မဖွင့်ထားတာတစ်ကြောင်း စိုနေတဲ့အင်္ကျီကတစ်ကြောင်းကြောင့် အိမ်ထဲဝင်ဝင်ချင်း ကိုယ့်လက်မောင်းကိုယ်ယှက်တွယ်ထားလိုက်တယ်.. သူက ကားသော့ကိုစားပွဲပေါ်ပစ်ချပြီး အပေါ်ထပ်တက်သွားတယ်!

"C.. Chanyeol!"

**ဒုတ်**

အခန်းတံခါးကိုပိတ်ပြီး lock ချသွားတော့ ကျနော်တစ်ယောက်တည်းအောက်မှာ ဝေခွဲမရတဲ့အတွေးပေါင်းစုံနဲ့ ကျန်ရစ်တယ်!

ဒါ.. ဒါဘယ်လိုတုံ့ပြန်ချက်ကြီးလဲ?

ကျနော်ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးမှ မီးဖိုချောင်ဆီတရွေ့ရွေ့လျှောက်သွားတယ်.. အိမ်ရှေ့ခန်းထဲမှာလဲ အဖွားဓာတ်ပုံချိတ်ထားတယ်.. ရေခဲသေတ္တာပေါ်က notes တွေကလဲ ပုံစံမပျက်..

Chanyeol.. ငါ့ကြောင့်ဖြစ်တဲ့ မင်းရဲ့ ဒဏ်ရာက အခုချိန်ထိမသက်သာသေးဘူးလား? အဲ့ဒါကြောင့် အခုချိန်ထိ ပတ်ဝန်းကျင်ကို ရှောင်နေတာလား? မင်းရဲ့အဖေအရင်းကို ရှောင်နေတာလား?

ငါ့ကိုရှောင်နေတာလား?

ကျနော်အပေါ်ထပ်ပြေးတက်သွားပြီး တံခါးကိုအသာအယာခေါက်တော့ အထဲကပြန်စာမလာ..

FearlessOnde as histórias ganham vida. Descobre agora