နေဘုန်းမိုရ်က သူ့ကားထဲ၌အသင့်ပါလာသော အရေးပေါ်ဆေးအိတ်ကို ချက်ချင်းပြန်ပြေးယူကာ မိုးမြင့်သာကိုဖက်ထားသည့် အတ္တကျော်အနား အပြေးပြန်လာခဲ့သည်။ ရင်ခွင်ထဲက မိုးမြင့်သာ၏ သွေးခုန်နှုန်းကိုချက်ချင်းစမ်းသပ်၍ အနည်းငယ်သွေးခုန်နေသေးကြောင်းသိရသဖြင့် အရေးပေါ်ကုသရန်ချက်ချင်းပြင်သည်။ အတ္တကျော်မှာ ကျောက်ရုပ်ကြီးလိုဖြစ်နေ၍ ဘာမှမလုပ်နိုင်။ အရာအားလုံးကို ငေးကြောင်လျက်သာ ကြည့်နေသည်။ နောက်ထပ်လူတစ်ယောက်က နေဘုန်းမိုရ်အနားဝင်လာပြီး မိုးမြင့်သာကိုအရေးပေါ်ကုသပေးရန်လာကူညီသည်။ သူမ အလွန်သွေးထွက်လွန်နေပြီ ဖြစ်သဖြင့် အချိန်မှီမကုသပါက အသက်အန္တရာယ်ရှိသည်။ သူမကိုတင်းနေအောင်ဆုပ်ကိုင်ထားသော အတ္တကျော်၏လက်များက မြဲမြံလှသည်။ ရုတ်တရက်အခြေေနေကို ရှော့ခ်ရနေသောကြောင့် လက်များကအေးစက်နေ၍ သူမကိုဆုပ်ကိုင်ဖက်တွယ်ထားသည်ကို မလွှတ်။ အသက်မျှင်းမျှင်းလေးက သူ့ရင်ခွင်ထဲမှ လွှတ်ထွက်သွားမည်ကို သူလက်မခံ။ နေဘုန်းမိုရ်က နီရဲနေသောမျက်လုံးများနှင့် အတ္တကျော်ကိုကြည့်၍
"သူ့ကို အရေးပေါ်မကုရင်...အသက်အန္တရယ်ရှိတယ်...အဲဒါကြောင့် စိတ်ခနလျော့လိုက်ပါ...အဆင်ပြေသွားမှာပါ..."
"မောင်ဇော်...."
"ကျွန်တော့်ကို...ခနယုံပေးဖို့လိုတယ်...လက်လွှတ်လိုက်ပါ...ကိုနေ.."
အတ္တကျော်က ဆုပ်ကိုင်ထားသည့်လက်များကိုဖြေလျော့ပေးသောအခါ နေဘုန်းမိုရ်က သူ့ရင်ခွင်ထဲမှ မိုးမြင့်သာ၏ ကိုယ်လုံးလေးကိုချက်ချင်းပွေ့ကာ အနီးတွင်ရပ်ထားသည့် ကားအနောက်ခန်းထဲသို့ရွေ့သည်။ နံဘေးတွင်ပါလာသည့် လူကို
"ဟိုဘဲကို ခနဂရုစိုက်လိုက်...ရှောခ်ရနေတော့...အကူညီလိုလိမ့်မယ်...ကျန်တဲ့ကိစ္စကိုလည်း ကြည့်ကြပ်လုပ်လိုက်ပါ...လိုအပ်ရင် ပေးထားတဲ့လုပ်ပိုင်ခွင့်ကိုသုံးလို့ရတယ်...ပြီးတော့ အနီးနားဂိုဒေါင်က ပစ္စည်းသယ် ရဟတ်ယာဥ◌်ကို....အကြောင်းကြားပေးပါ...အသေးစိတ်ခွဲစိတ်ဖို့ သူ့ကို...ဆေးရုံပို့ရမယ်..."
"ဟုတ်ကဲ့..ဆရာ.."
"ငါ သူ့ကိုကျည်ဆန်ထုတ်လိုက်မယ်..."
YOU ARE READING
Unexpected Sparks: The Twist (Ongoing)
RomanceBook (1) ဖတ်ပြီးမှ Book (2) ဖတ်ပါ...🥺 Draft အနေနဲ့သာ ရေးထားလို့ စာလုံးပေါင်းအမှားယွင်းများရှိလျှင် နားလည်ပေးပါလို့🫠
