Part (65)✶ ⊹ Ꮺ Architect Nay Atta Kyaw

2.4K 120 13
                                        

အစဥ်အလာကြီးမား၍ အင်ယာ‌ေလာက၏ အရှိန်အဝါဖြစ်‌ေသာ The Whole Primer ဗိသုကာ နှင့် ယဉ်ကျေးမှု Design ပြိုင်ပွဲကြီးကမကြာခင်အတွင်းစတင်တော့မည်ဖြစ်သောကြောင့် ပါဝင်ယှဉ်ပြိုင်သူများရော ဧည့်သည်တော်များ နယ်ပယ်အသီးသီးမှကျော်ကြားသူများက ကိုယ်စီနေရာယူနေကြသည်။ ဒီနှစ်တွင်တက်ရောက်သူအလွန်များပြားသလို တိုက်ရိုက်ထုတ်လွှင့်မှုအတွက် သတင်းမီဒီယာ‌ဌာနများကလည်း အရင်နှစ်များကထက် ပိုများလေသည်။ ဆက်ခွန်းသက ဦးလေးဖြစ်သူ ဦးဉာဏထင်နှင့်အတူထိုင်နေလျက် တစ်ခုခုအတွက်ရတက်မအေးသည့်ပုံစံ။ သူ ဒီဇိုင်းခိုးသည့်ကိစ္စကို အတ္တကျော်သိရှိသွားပြီးနောက် ပြဿနာအကြီးကျယ်တက်လောက်ပြီဟုထင်လိုက်သော်လည်း ကိစ္စက အေးဆေးပြီးသွားသည်။ ဉီးလေးဖြစ်သူကတော့ သူ့ကိုအလွန်စိတ်ပျက်မိကြောင်း ပြော၍မဆုံး။ ဆက်ခွန်းသလည်း မိမိကိုယ်ကို အလွန်စိတ်ပျက်မိသည်။ အရာရာတွင် ပြည့်စုံနေမှု နှင့်အတူ မိုးမြင့်သာနှင့်ပတ်သက်၍ မနာလိုဝန်တိုမှုဆိုသည့် စိတ်အမှောင်၏ လွှမ်းမိုးမှုကြောင့် မိမိလေးစားရသည့် idol သဖွယ်ဖြစ်ခဲ့သော အတ္တကျော်အပေါ် သစ္စာဖောက် အကျင့်ယုတ်မိသည်။ စိတ်ဂနာမငြိမ်ဖြစ်နေသည်ကိုဟန်ဆောင်ဖံုးကွယ်ရင်း အတွေးခနပြန့်နေစဉ် ပခုံးပေါ်ကျရောက်လာသည့် လက်တစ်ဖက်ကြောင့် ဆက်ခွန်းသ လန့်သွားသည်။ လှည့်ကြည့်လိုက်တော့ နောက်တက် Architect များထဲ အလားအလာရှိသည်ဟု နာမည်ကြီးနေသည့်သူ။ ဆက်ခွန်းသနှင့် ကလပ်တွင်ဆုံရာမှခင်မင်ခဲ့သူဖြစ်ပြီး အမည်က စည်းစိမ်ဂုဏ် ဖြစ်သည်။ နာမည်နှင့်လိုက်အောင် ချမ်းသာကြွယ်ဝသူဖြစ်၍ ရွှေဇွန်းကိုက်မွေးလာသည့် သူဌေးသားလည်းဖြစ်သည်။

"စိတ် နှင့် လူမကပ်ပါလား...ခွန်းသ..."

"တွေးစရာလေးနည်းနည်းရှိလို့ပါ..."

"ငါတို့ စကားခနပြောကြမလား..."

နှစ်ယောက်သား မလှမ်းမကမ်းတွင်ရှိ‌ေသာ လူအနည်းငယ်ရှင်းသည့်နေရာသို့ ထွက်လာသည်။

"နေအတ္တကျော်ရော...ရောက်ပြီလား..."

"မရောက်သေးဘူးထင်တယ် မတွေ့ရသေးဘူး..."

Unexpected Sparks: The Twist (Ongoing)Where stories live. Discover now