စနေနေ့ သန်းခေါင်ယံ ည ၁၂ နာရီခွဲ။ Monday ရောက်လျှင် စာမေးပွဲ ဖြေဆိုရတော့မည်ဖြစ်သဖြင့် မိုးမြင့်သာ မအိပ်သေးဘဲ စာကျက်နေသည်။ Mechanical ဆိုင်ရာ ဝေါဟာရများရေးကျက်နေစဉ် ရုတ်တရက် မီးပျက်သွားေလသည်။ မီးအိမ်အသေးလေးအား မီးအားသွင်းထားသဖြင့်တော်သေးသည်။ မီးအိမ်အသေးလေးအားဖွင့်လျက် စာရေးကျက်နေလေရာ အရေးဟယ် အကြောင်းဟယ်ဆို ရှူးပေါက်ချင်လာသည့် မိမိဒုက္ခ။ လွန်ခဲ့သော သုံးနှစ်ခွဲခန့်က ညကလို အဖြစ်မျိုး ယခုထပ်ဖြစ်ပြန်သည်။ မီးပြန်လာမှ ပေါက်မည်ဟု တွေး၍ အောင့်အင်းသည်းခံနေသော်လည်း ဆီးအိမ်မှာအလွန်တင်းလာသည်။ ဆီးစွန့်မှရတော့မည့် အခြေနေ။
"ဒုက္ခပဲ...တအား..ရှူးပေါက်ချင်လာပြီ..."
စာရေးစားပွဲမှ ထလိုက်ပြီး ပေါင်ကြားထဲလက်ညပ်ကာ ခုန်ဆွ ခုန်ဆွလုပ်နေတော့သည်။
"မီးပျက်ပြီဆို...ရှူးပေါက်ချင်တာ...တအား...ငါ့နှယ်...ဒုက္ခပဲ...သရဲကြောက်ပါတယ်ဆိုမှ..."
ဆီးက ထပ်မအောင်နိုင်တော့။ ယိုကျလာတော့မည်။
"ကိုအတ္တကျော်...နိုးနေမလား မသိ...နိုးလိုက်မယ်..."
မိုးမြင့်သာက အတတ်နိုင်ဆုံးဆီးအောင့်လိုက်၍ ဖုန်းမီးထွန်းကာ အတ္တကျော် အခန်းတံခါးကိုသွားခေါက်သည်။
"ကိုအတ္တကျော်...ကိုအတ္တကျော်...ကျွန်မရှူးပေါက်ချင်လို့...အိမ်သာလိုက်ပေးပါလား..."
အခန်းထဲမှ ဘာဖြေသံမှမကြား။ အတ္တကျော်က ပင်ပမ်းသဖြင့် အလုပ်ကပြန်ရောက်ကတည်းက အိပ်ယာတန်းဝင်သွားသည်။ ဖုန်းခေါ်ကြည့်သော်လည်း ဖုန်းမကိုင်။
"ဒုက္ခပဲ...တစ်ယောက်တည်း...မရတော့ဘူး...သွားတော့မယ်..."
မိုးမြင့်သာက အသက်ပြင်းပြင်းရူလိုက်ကာ ဖုန်းမီးကိုင်၍ အရှေ့တည့်တည့်ကိုထွန်းထားလျက် အိမ်သာဆီသို့ တချိုးတည်းပြေးသည်။ အိမ်သာတံခါးကိုဝုန်းကနဲပိတ်ပစ်ပြီး ဘောင်းဘီတိုကိုချွတ်၍ ဘိုထိုင်ပေါ်ထိုင်သည်။ ဘာမှမတွေးမိအောင် စိတ်ကိုအတတ်နိုင်ဆုံး အငြိမ်ဆုံးထားသည်။ ဆီးထွက်နှုန်းကလည်း ပုံမှန်နှုန်းသာ။ အရေးအကြောင်းဆို ရှူးပေါက်ချင်လာတတ်သည့် ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံး။ ကြားထဲ ဗိုက်ရစ်လာသဖြင့် အိမ်သာပါ တက်ချင်လာလေရာ အိမ်သာဆက်တက်နေသည်။တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်။ ဖုန်းမီးရောင်လေးသာရှိသည့် အမှောင်ထု။ မိုးမြင့်သာခများ အီးညစ်ရသည်ကတစ်မျိုး ကြောက်နေ၍ ခြေဖျားလက်ဖျားအေးနေသည်က တစ်ကြောင်း တစ်ယောက်တည်း ဒုက္ခများနေလေသည်။
YOU ARE READING
Unexpected Sparks: The Twist (Ongoing)
RomanceBook (1) ဖတ်ပြီးမှ Book (2) ဖတ်ပါ...🥺 Draft အနေနဲ့သာ ရေးထားလို့ စာလုံးပေါင်းအမှားယွင်းများရှိလျှင် နားလည်ပေးပါလို့🫠
