"ယို့... ဘရို..Helios "
Philip က အောက်ဆုံးထပ်လှေကားေထာင့်တွင် ရပ်နေလျက် ဆေးလိပ်သောက်နေသည့် အတ္တကျော်ကို လှေကားမှဆင်းလာရင်း နှုတ်ဆက်သည်။ အောက်ဆုံးအဆင့် လှေကားကို နင်းဆင်းပြီးနောက် အတ္တကျော်၏ နံဘေးတွင် လာရပ်သည်။
"ခင်ဗျား လက်တော်တော်မြန်တာပဲ..မျက်စိတစ်မှိတ်အတွင်း.."
"အင်း..."
"ဒီမှာ ခင်ဗျားရှာခိုင်းထားတဲ့...ဟာ.."
Memory Stick တစ်ခုကို အတ္တကျော်လက်ထဲထည့်ပေးသည်။
"The Light Company ဘက်က ဆေးကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားကို ဆွဲထည့်ဖို့ပြင်နေပြီ...အစိုးရကလည်း ကြံရာပါခင်ဗျားကြောင့်...သူတို့ရှာဖွေမှုနှောင့်နှေးရတယ်ဆိုပြီး..ပုဒ်မတွေစတပ်..."
"နောက်ထပ်ရော..."
"ခင်ဗျား တစ်နေရာရာမှာ..ရှောင်နေလိုက်တာ..ပိုကောင်းမယ်...အခုအပ်ထည်ကနောက်ဆုံးမဟုတ်လား..."
"အင်း...ငါလည်း ခရီးသွားဖို့စဉ်းစားထားတယ်..."
"ခင်ဗျားဘယ်သူလဲဆိုတာ...ကျွန်တော်..သိနေတယ်.."
"ပြောကြည့်လေ..."
"တကယ်ပြောရမှာလား.."
"အင်း...ပြောကြည့်လေ...ရင်ထဲပေါ့တာပေါ့.."
"ခင်ဗျားစကားက ဘယ်လိုတုန်း...ထားပါ..ကျွန်တော်က ခင်ဗျားဆီ...ကျွန်တော့်ကိုယ်ကျွန်တော်ရောင်းထားပြီးသားပဲ...နတ်ဆိုးတစ်ကောင်ဆီမှာ Soul ကိုရောင်းသလိုလေ..."
"အဲဒီတော့..."
"ခင်ဗျားက ဘယ်သူမှန်းသိနေရင်တောင် မေ့ပစ်မှာပါ..."
"အကောင်းဆုံးပါပဲ...ဒါနဲ့ မင်းညီမ...ဆောရီး မင်းမိန်းမ..နေကောင်းရဲ့လား.."
"အင်း...နေကောင်းပါတယ်.."
"သားလေးကော...အခြေနေကောင်းရဲ့လား.."
"ကောင်းပါတယ်...အခုဆို...စာရေးစာဖတ်တတ်နေပြီ...စကားလည်းတော်တော်ပြောတတ်နေပြီ..."
"..ကြားရတာဝမ်းသာစရာပဲ..."
"ခင်ဗျား ရဲ့ ငွေကြေးအထောက်အပံ့တွေအများကြီးပါတယ်လေ...ကျွန်တော်တို့ မိသားစုလေးကို..ကူညီပေးခဲ့လို့...ကျေးဇူးတင်ပါတယ်...ဘရို..အခုထိ ကျေးဇူးတင်နေတုန်းပါ..."
YOU ARE READING
Unexpected Sparks: The Twist (Ongoing)
RomanceBook (1) ဖတ်ပြီးမှ Book (2) ဖတ်ပါ...🥺 Draft အနေနဲ့သာ ရေးထားလို့ စာလုံးပေါင်းအမှားယွင်းများရှိလျှင် နားလည်ပေးပါလို့🫠
