Part (64)✶ ⊹ Ꮺ

3.9K 173 19
                                        

ဆက်ခွန်းသ ကိစ္စနှင့်ပတ်သက်ပြီး စကားပြောဆိုရန်အတွက် အတ္တကျော်ကို ဦးဉာဏထင်က ရုံးခန်းထဲသို့လာရန် အကြောင်းလှမ်းကြားသည်။ ဆက်ခွန်းသက Laptop ထဲမှ ဒီဇိုင်းဖိုင်ကို ကူးထုတ်သွားကြောင်း စာအုပ်ပုံကြားက CCTV မှတ်တမ်း ကြောင့် သက်သအတိအကျဖြစ်သွားသည်။ ဦးလေးဖြစ်သူ ဉာဏထင်ကလည်း တူဖြစ်သူ၏ မထင်မှတ်ထားသော လုပ်ရပ်ကြောင့် မျက်နှာပူ၍မဆုံး။ အထူးသဖြင့် မိမိ Company ၏ အားအကိုရဆုံးသူ ဒါမှမဟုတ် Company ၏ လျို့ဝှက်ရှယ်ယာဝင်ဖြစ်သည့် အတ္တကျော်ကို သွားလုပ်သဖြင့် မျက်နှာပျက်ရသည်။ အတ္တကျော် ရုံးခန်းထဲဝင်လာ‌တော့ ဦးဉာဏထင်က သူဌေးဆိုသည့် ဂုဏ်ပုဒ်ကို စွန့်ချလိုက်ပြီး မိတ်ဆွေအရင်းတစ်ယောက်လို စတင်၍ စကားပြောဆိုသည်။ ဆက်ခွန်းသ နှင့်ပတ်သက်ပြီး အထပ်ထပ်တောင်းပန်တိုးလျိုကာ နားလည်ခွင့်လွှတ်ပေးရန်ပြောသည်။ မိမိအတွက် ကြီးကြီးမားမား ထိခိုက်မှုမရှိသောကြောင့် လျော်ပေးလိုက်၍ ရသော်လည်း ညံ့ဖျင်းလှသော အကျင့်စရိုက်နှင့်တကွ မနာလိုမုန်းထားစိတ်ကြောင့် အတ္တကျော် ခွင့်မလွှတ်။ သို့သော် ဦးလေးဖြစ်သူက ဒူးထောက်မတတ် အလွန်ခယတောင်းပန်နေသည်ကတစ်ကြောင်း မိမိကလည်း ရှယ်ယာများပြန်ထုတ်တော့မည်ဖြစ်သဖြင့် စိတ်လျော့ချလိုက်ရကာ ဆက်ခွန်းသအား သူ့ဌာနမှ အခြား ဌာနသို့ရွေ့ပေးရန်ဖြင့်သာ တောင်းပန်မှုအားလက်ခံလိုက်ရသည်။ ဆက်ခွန်းသ အဘယ်ကြောင့် မိမိ Laptop ထဲက ဒီဇိုင်းဖိုင်အား ခိုးယူသလဲဆိုသည့် ကိစ္စကိုတော့ မသိရ။ ဆက်ခွန်းသကလည်း ဘာမှမပြော ဝန်မခံဟု ဦးဉာဏထင်က ဆိုသည်။ ဆက်ခွန်းသ ကိစ္စပြီးသွားသဖြင့် လုပ်ငန်းကိစ္စ‌ပြန်ရောက်သည်။

"ကျွန်တော်...ဒီနှစ်ကုန်လောက်ဆို အလုပ်ထွက်တော့မယ်...ပြီးတော့ ရှယ်ယာတွေအကုန် ပြန်ထုတ်မယ်.."
အတ္တကျော် စကားကြောင့် ဦးဉာဏထင် ချွေးဇောပျံရပြန်သည်။

"ဘာလို့လဲ ကိုနေ...အဆင်မပြေလို့လား..."

"ပြေပါတယ်..."

သူဌေး နှင့် ဝန်ထမ်းဆိုသည့် ရာထူး ဘာညာအားစွန့်ချထားသဖြင့် နှစ်ယောက်သားရင်းရင်းနှီးနှီးသာ ခေါ်ဝေါ်သည်။

Unexpected Sparks: The Twist (Ongoing)Onde histórias criam vida. Descubra agora