Part (68)✶ ⊹ Ꮺ Golden Fish 🐠🐠

Start from the beginning
                                        

Philip က အလွန်တော်သည့် Hacker ပေါက်စလေးဖြစ်ကြောင်း အနာဂတ်တွင်အလွန်အသုံးဝင်မည့်သူဖြစ်ကြောင်း ထုံဆွန်က ‌‌Black Client များအတွက် ဒီဇိုင်းများလက်ခံရေးဆွဲစပြုနေသည့် အတ္တကျော်ကို လေသံပစ်ထားသည်။ အစပိုင်းတွင် စိတ်မဝင်စ‌ား‌သော်လည်း ဘဏ်တစ်ခုဆီမှ ငွေကြေးလိမ်လည်မှုကို တစ်ယောက်တည်းလုပ်စားသွားသည့် Philip ကို နည်းနည်းအထင်ကြီးသွားပြီး တည်နေရာရှာဖွေရာတွင် ကူညီသည်။ Philip က ထိုင်ဝမ်တွင်ခိုလှုံနေပြီး ဈေးကွက်တစ်ခုတွင်သွားတွေ့သည်။ စကားပြောကြည့်တော့ ပညာမာန်လေးနည်းနည်းရှိသည်ကို သိလိုက်ရသဖြင့် အခြေနေတစ်ခုဖြင့် ကိုင်တွယ်မှရမည့်ကောင်မှန်း အတ္တကျော် အတပ်သိလိုက်သဖြင့် အခွင့်ရေးတစ်ခုကို မျှော်တွေးလျက် အခါကောင်းကိုစောင့်နေလိုက်သည်။ ထုံဆွန်တို့နှင့် Philip ပြန်ဆက်သွယ်သည့်အခါ ကောင်မလေးက ကလေးမွေးဖွားပြီးဖြစ်၍ သွေးချင်းစပ်ယှက်မှုကြောင့် ကလေးက Autism လေးဖြစ်နေခဲ့သည်။ ထိုအချိန် အတ္တကျော်လည်း ဘန်ကောက်သို့ရောက်ရှိနေပြီး ဦးဝနမြင့်မိုရ်နှင့်အတူ ခနလိုက်လာခြင်းဖြစ်ကာ မြန်မာပြည်သို့မဝင်ဘဲ ဘန်ကောက်တွင်ကျန်ရစ်သည်။

Philip က မိမိနှင့်တူလွန်းသည့် မိမိညီမအရင်းမှ မွေးဖွားလာသော Autism ကလေးကို မထိမကိုင်ရဲ။ မကောင်းဆိုးဝါးတစ်ကောင်ကိုထိတွေ့ရသည့်အလား။ ဂြိုလ်သားတစ်ကောင်ကိုကိုင်တွယ်ရသည့်အလားဖြစ်နေတော့သည်။ သို့သော် မိသားစုဘဝမရှိခဲ့သည့်သူမို့ Philip က လက်ရှိအခြေနေကိုခံယူရန်ဆုံးဖြတ်လိုက်ပြီး တစ်ကောင်ကြွက်ဖြစ်၍ ဘဝဆိုးခဲ့သော သွေးရင်းညီမ‌လေးကိုလည်း ဇနီးမယားအဖြစ်သာသတ်မှတ်လိုက်သည်။ အတ္တကျော် စပိန်ကိုပြန်သွားချိန် ကြားရသည်က သူတို့နှစ်ယောက် အကျဉ်းရုံးလေးလက်ထပ်လိုက်ကာ ကောင်မလေးကို သက်မွန်းက သူမ၏မွေးစားသမီးလေးအဖြစ် သတ်မှတ်ပေး၍ အမည်သစ်ပေးခဲ့သည်ဟု ပြန်ကြားရသည်။သူတို့နှစ်ယောက်အား လုံးဝကလေးထပ်မယူရန် အထပ်ထပ်မှာကြားကာ ကတိအကြိမ်ကြိမ်တောင်းပြီးမှ လက်ထပ်စာချုပ်လုပ်ပေးခဲ့သည်ဟု ဆိုသည်။ အတ္တကျော် ကျောင်းပြီးချိန် ကြားရသည်က သူတို့တိုင်းတစ်ပါးသို့ထွက်၍ အခြေချသွားပြီဟုသာ။ အတ္တကျော်လည်း မေ့မေ့ပျောက်ပျောက်နေခဲ့သည်။ မြန်မာပြည်သို့ အပ်ထည်တစ်ခုပို့ရန်အတွက် ထုံဆွန်ကိုပြောပြရာမှ Philip နဲ့ပြန်ချိတ်မိပြီး သူ့တွင် ငွေရေးကြေးရေးအလွန်အခက်ခဲဖြစ်နေကြောင်း သိရလေသည်။ Autism ကလေးက အလွန်နာမကျန်းဖြစ်ပြီး သားဦးမွေးဖွားသည့် သူတို့နှစ်ယောက်အဖို့ အခက်အခဲကများစွာ။ Philip က ဘာသာစကားပြောနိုင်သော်လည်း ညီမဖြစ်သူက မပြောနိုင်သဖြင့် သူမရှိလျှင် သူမအတွက် အလွန်ခက်ခဲကြောင်း။ Philip ကလည်း သူတို့နှစ်ယောက်ကို စိတ်မချသဖြင့် ဘယ်မှမသွားရဘဲ အလုပ်မတွင်တာမျိုး အလုပ်ပျက်သည်မျိုးအထိဖြစ်လာသည်။ ဝင်ငွေလမ်းကြောင်းအဆင်မပြေတော့သလို တိုင်းတစ်ပါးတွင်အခြေချမှုကြောင့် များစွာခက်ခဲတော့သည်။ အတ္တကျော် ပြန်တွေ့ချိန်တွင် လင်မယားနှစ်‌ယောက်လုံးမှာ အလွန်ကိုပိန်ညှက်နေ၍ ကလေးဒဏ် ငွေကြေးအခက်ခဲ အာဟာရမပြည့်ဝမှုကြောင့် နှစ်ယောက်စလုံးယိုင်လဲမတတ်။ သို့သော် သူတို့နှစ်ယောက်၏ ရင်သွေးလေးကိုတော့ လိုလေးသေးမရှိအောင်ထားပေး၍ အာဟာရပြည့်ဝအောင် သေချာပြုစုစောင့်ရှောက်ထားသည်။

Unexpected Sparks: The Twist (Ongoing)Where stories live. Discover now