Part (68)✶ ⊹ Ꮺ Golden Fish 🐠🐠

Depuis le début
                                        

"မင်းသာ...ငါ့အတွက်အလုပ်ကောင်းကောင်းလုပ်ပေးနေရင်ရပါပြီ...မင်းကတော့ ငါနဲ့ အလုပ်ခနလုပ်ရအုံးမယ်..."

"အင်း..."

"လောလောဆယ် မဒမ်တို့ဆီမှာ ခနနေနေပါ...ကိစ္စတွေပြီးရင်...မင်း အခြေချချင်တဲ့ နိုင်ငံသွားရဖို့..ငါလုပ်ပေးမယ်...မင်းလည်း နေကောင်းအောင်နေ‌ပေါ့..."

"သိပါတယ်ဗျာ...ဒါဖြင့် သွားနှင့်ပြီ ဘရားသား..."

"အိုခေ..."

"တစ်ခုခုလိုအပ်ရင်...အချိန်မရွေးဆက်သွယ်ပါ..ထုံးစံအတိုင်း.."

"အိုခေ..."

"သွားပြီ...ဘရားသား.."

"အေး..."

Philip က Vape ကို နှုတ်ခမ်းဖျားထက်တင်ကာ တစ်ချက်ရှိုက်ပြီးနောက် လက်ထဲပါလာ‌သည့် ထီးကိုဖွင့်ဆောင်း၍ တိုက်အောက်မှ ထွက်သွားသည်။ ထွက်သွားသည့် Philip ကိုကြည့်ရင်း Autism သားလေးကို ရင်ခွင်ထဲပိုက်၍ အသနားခံနေသည့် ထိုကောင်လေး၏ မျက်နှာကိုပြန်မြင်လာသည်။ တခါတ‌ေလ ကံကြမ္မာက အလှည့်အ‌‌ေပြာင်းများလွန်းသည်။ Philip က ညီမဖြစ်သူ ပြည့်တန်ဆာမလေးကိုပြန်ယူထားပြီး သွေးရင်းချင်း ကာမစပ်ယှက်ထားသည်။ မိဘမဲ့ ညီအစ်မနှစ်ယောက်ဖြစ်ကာ ငယ်စဉ်ကတည်းကတကွဲတပြားစီဖြစ်သွားရာမှ ပြန်တွေ့တော့ ပြည့်တန်ဆာနှင့် ကာစတန်မာအဖြစ်ပြန်တွေ့၍ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်လုံးဝ မမှတ်မိ။ မောင်နှမအရင်းမှန်းမသိဘဲချစ်ကြိုက်သည်။ မြေအောက်လောကတွင် Hacker ပေါက်စလေးအဖြစ်ကျင်လည်နေသည့် Philip က ညီမဖြစ်သူကို အခြားအမျိုးသမီးတစ်ယောက်အဖြစ်နဲ့ စွဲလမ်းတပ်မက်ကာ အတူနေပေါင်းသင်းသည်။ ထုံဆွန်ဆီမှ အလုပ်အချို့လက်ခံလုပ်နေသည့် Philip နှင့် သူ့ဇနီး၏ အခြေနေကို သက်မွန်းက တစ်ခုခုလွဲမှားနေမှန်းသတိထားမိသဖြင့် ဆေးစစ်ခိုင်းသလို နှင့် DNAပါ စစ်ကြည့်ခိုင်းလေရာ နှစ်ယောက်သားက မောင်နှမအရင်းဖြစ်နေတော့သည်။ ထိုအချိန် ကောင်မလေးမှာ ကိုယ်ဝန်ဆောင်ထားရပြီဖြစ်သည်။ သိသိချင်း လုံးဝအရှက်တကွဲအကျိုးနည်းဖြစ်ရကာ Philip က ထိုအခြေနေကိုလုံးဝလက်မခံနိုင်ခဲ့။ အလွန်လည်းငယ်ရွယ်သည့် အသက် ၂၀ အရွယ်မို့ စိတ်အခြေနေများကို မကိုင်တွယ်နိုင်ဘဲ ထွက်ပြေးသွား၍ ကိုယ်ဝန်ဖြင့်ထားပစ်ခဲ့သည်။ ထုံဆွန် နှင့် သက်မွန်းက ကိုယ်ဝန်ဆောင် ကောင်မလေးကို စောင့်ရှောက်ပေးထားကာ တစ်ဖက်တွင်လည်း Philip ကိုလိုက်ရှာပေးရသည်။ ထွက်ပြေးမည့်အစား ကိစ္စများကိုရှင်းရှင်းလင်းလင်းလုပ်ရန်ဖြစ်သည်။

Unexpected Sparks: The Twist (Ongoing)Où les histoires vivent. Découvrez maintenant