"စကားနည်းနည်းပြောရအောင်ပါ...ကိုအတ္တကျော်...စကားနည်းနည်းပြောရအောင်လေ.."
ထူထဲလှသော မိုးရေများကြား သူမ အသံကို အတ္တကေျာ် ကြားနိုင်မလား။ နံဘေးမှ လူတစ်ယောက်က ထီးနက်ကြီးတစ်လက်ဖြင့် အတ္တကျော်ကို အုပ်မိုးပေးထားသောကြောင့် သူရေစိုမနေ။ ကတ္တရာလမ်းမှပြန်ကန်ထွက်၍ လွင့်စင်လာသော မိုးရေစက်များကြောင့်သာ ဘောင်းဘီရှည်၏ အစွန်းအဖျားများစိုေနပြီး ပြောင်လက်နေသော ရှူးဖိနပ်ထက် မိုးရေစက်များတင်ကျန်နေသည်။ သူမကတော့ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင်ချမ်းနေပြီး တစ်ကိုယ်လုံးရွဲနစ်နေတော့သည်။
အတ္တကျော်က သူချိန်ရွယ်ထားသော ပစ္စတိုကို သူမဆီသို့ ပစ်ပေးလိုက်သည်။ သူမခြေဖျားနားသို့ ထိုပစ္စတိုလွှင့်လာပြီး ကတ္တရာလမ်းရှိ မိုးရေများဖြင့်ရောထွေးလျက်။
"ဒီထဲမှာ...ကျည်နှစ်တောင့်ကျန်တယ်...တစ်တောင့်က..."
အတ္တကေျာ်က အသံပြတ်သွား၍ သက်ပြင်းတစ်ချက်ချသည်။ ပြီးမှ
"တစ်တောင့်က...မင်းကိုယ်မင်း ကာကွယ်ဖို့...နောက်တစ်တောင့်က...မင်းစိတ်ထဲ ငါ့ကို မကောင်းဆိုးဝါးတစ်ကောင်လို့...မြင်တဲ့နေ့ကျရင် အချိန်မရွေး လာသတ်လို့ရအောင်....ငါ့ကို မင်းသတ်ဖို့...ကျည်တစ်တောင့်တည်းနဲ့တင်....လုံလောက်တယ်...အိမ်ပြန်တော့...မောင်ဇော်...ငါ မင်းကို မမြင်ချင်တော့ဘူး....ငါ့ဘဝထဲကထွက်သွားတော့.."
စကားသံဆုံးသည်နှင့် ကျောခိုင်းလှည့်ထွက်သွားပြီး သူ၏ မောင်ဇော်လေးနှင့်ပတ်သက်လျှင် အဖြစ်သည်းလှသည့် လူကြီးက ဒီတစ်ခါတော့ တစ်ချက်လေးတောင်ငဲ့မကြည့်တော့ဘဲ မိုးရေထုထဲ သူမကို ပစ္စတိုတစ်လက်နှင့်အတူ ပစ်ချထားခဲ့သည်။ သူစီးလာသော ဇိမ်ခံကား အနက်ရောင်ထဲပြန်ဝင်သွားသည်။ ပြီးလျှင် ထိုဇိမ်ခံကားက ငြိမ့်ညောင်းစွာမောင်းထွက်သွားသည်။
ပါးထက်စီးကျနေသည်က မိုးရေလား မျက်ရည်လား။ သူမ မသဲကွဲတော့။ ခံစားချက်တွေကပြည့်သိပ်နေသလိုခံစားရပြီး မည်သို့အန်ထုတ်ပစ်ရမည်နည်း။
"အား.....................အားးး.......အား................"
ကတ္တရာလမ်းထက်ပေါ် ဒူးထောက်ထိုင်ချမိပြီး အင်အားတွေအကုန်ခြစ်ထုတ်၍ ကျယ်လောင်စွာ သူမ အော်ဟစ်လိုက်သည်။
YOU ARE READING
Unexpected Sparks: The Twist (Ongoing)
RomanceBook (1) ဖတ်ပြီးမှ Book (2) ဖတ်ပါ...🥺 Draft အနေနဲ့သာ ရေးထားလို့ စာလုံးပေါင်းအမှားယွင်းများရှိလျှင် နားလည်ပေးပါလို့🫠
Part (61)✶ ⊹ Ꮺ
Start from the beginning
