ယနေ့ည Mile အိပ်ရျ်မပျော်.... ဖုန်းကောက်ကိုင်မိကာ လိုင်းခဏသုံးနေစဥ်... Meato ဆီမှဖုန်းလာသည်။ Group ထဲမှာဖုန်းခေါ်တာမလို့သူကိုင်လိုက်မိသည်။
Meato; '' Guys, ငါတို့ရွာကနေ ဟိုဂျပန်-ကပြားလေသိတယ်မလား''
Theo; '' အင်း... မင်းနဲ့အကြွေးမကင်းတဲ့ကောင်''
Levi; '' ကျားမွေးထားတဲ့ကောင်မလား''
Meato; '' သေပြီဟေ့ ''
Mile; '' ဘယ်လိုသေတာလဲ''
Mile ကမေးခွန်းကိုစိတ်ဝင်စားစွာမေးလိုက်မိသည်။ Meato က စိတ်ရှည်လက်ရှည်ရှင်းပြမည့်ပုံစံနဲ့ သက်ပြင်းတစ်ချက်ချလိုက်ပြီး...
Meato; '' ရွာကိုလူတစ်ယောက်ကမြင်းအမဲကြီးစီးပြီးရောက်လာတာ...သူ့ရဲ့ကျားကိုသေနတ်နဲ့ပစ်ပြီး သူ့ကိုဓားနဲ့ခုတ်သွားတာ။ အဲ့အချိန်က ငါတို့ရွာသူရွာသားတွေအကုန်က သူကြီးအိမ်မှာ။ သူသေတော့လေ အသုဘလုပ်ပေးမဲ့သူမရှိ... ရွာကလူတွေပျော်လိုက်ကြတာမပြောနဲ့။ ''
Mile; '' ဟုတ်လား ဘာဖြစ်သေးလဲ''
Myer; '' အဲ့တာဘယ်သူသတ်လိုက်တာ''
Mile; '' အေးဘယ်သူသတ်တာ''
Meato; '' ရွာကလူတွေကတော့ သခင်လေးကိုခေါ်တာပဲ။ သူ့ရဲ့နာမည်အရင်းကိုဘယ်သူမှမသိဘူး။ သူ့ရဲ့တပည့်တွေတောင်မသိဘူး။ မြင်းကြီးကလည်းမိုက်တယ်တဲ့....အနက်ရောင်ကြီးတဲ့...''
Zyran; '' မင်းပြောတဲ့သူ့အိမ်ကလူတွေရော''
Meato; '' သူ့အိမ်မှာက ကောင်လေး ၆ယောက် ကောင်မလေးက ၇ယောက် ဖမ်းထားတာ။ ဒါပေမဲ့ ပြန်လွတ်လာတဲ့အထဲမှာ ကောင်လေး၃ယောက်ကမပါဘူး။ ကျားစာဖြစ်သွားတာတဲ့။ ''
Mile; '' ရပ်ကွက်တကာ ရွာတကာအတင်းတော်တော်စုံတာပဲ ''
Zyran; '' ရပ်ကျော်ရွာကျော် Meato ''
Meato; '' ခပ်ချောချော ရပ်ကျော်ရွာကျော်လေးပါကွ။ နော် Gard Gard ''
အနီရောင်ဆံပင်ကိုမှ အသစ်တွေပြန်ပေါက်လို့ အမဲရောင်နည်းနည်းရောနေတဲ့ ဆံပင်ကိုသပ်ရင်းပြောသည်။
Myer; '' ဘယ်သူလဲ Gard Gard ''
Meato; '' Theogard''
Mile; '' ဟားဟားဟား ''
YOU ARE READING
'' Parallel Hearts '' ( Completed)
Teen Fictionကောင်လေးနဲ့ကောင်မလေးက ဘဝအဆက်ဆက်မှာဝေးခဲ့ပြီး နောက်ဆုံးဘဝမှာ ကောင်လေးနှစ်ယောက် အဖြစ်ပြန်ဆုံသောအခါ...... ဤ Fiction သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ။ စာရေးသူ၏စိတ်ကူးသာဖြစ်ပါသည်။ဇာတ်ဆောင်တွေ့ရဲ့ နာမည်သည်လည်း မည်သူကိုမှမထိခိုက်လိုပါ ။ ...
