Chapter1 (part- 3)

84 1 0
                                        

ညနေခင်းတစ်ခု၌~~~

ညနေခင်းတစ်ခုဆိုတာထက် ဘွဲ့သဘင်ပြီးအပြန်ခါဟုပြောရမည်။

Royal Salon ကားကြီးရဲ့ Driver seat တွင် Mileက ကားမောင်းနေပြီး Mileရဲ့ဘေးတွင် Myer ကထိုင်နေသည်။

Mile က အရပ်က ၆ပေ ၂လက်မ ကျော်ပြီး အသားက ခပ်ဖြူဖြူ ဆံပင်က မွေးရာပါ အနက်။ ဝတ်ထားတာကတော့ နက်ပြာရောင် Style pant ထဲ အကျီအဖြူထည့်ဝတ်ထားသည်။ ဆံပင်ကတော့ ရှေ့ကိုခပ်အုပ်အုပ်ချထားသည်။ ပုံမှန်ဆိုလျှင်တော့ ဆံပင်ကို စတိုင်ကျကျ ဘေးခွဲထားတတ်သည်။ မျက်လုံး မျက်ခုံးက အစနက်မှောင်နေသည်။ မျက်မှန်အနက်က မျက်လုံးအစုံရဲ့အလှကို ပိုမိုဖြည့်စည်းပေးနေဟန်...

Myer က အရပ်က ၆ပေလောက်ပဲရှိပြီး အသားအရည်က Mile နှင့်မထူးမခြားနားပါ။ နှဖူး ပေါ်သို့ ဆံပင်အချို့ ကိုချထား တက်သည်။

နောက်ကခုံတန်းမှာတော့ Mateo, Levi, Theogard နဲ့ Zyran တို့ထိုင်သည်။

Mateo က အရပ်ကတော့ Mile နှင့်ညီတူညီမျှလောက်ပင်ရှိမည်။ မဟော်ဂနီရောင် ဆံပင်ကို ခလယ်ခွဲကာ ခဏခဏ သ တတ်သေးသည်။

Theogard ကတော့ မျက်မှန်ကို ပါဝါမပါပဲတပ်လေ့ရှိသည်။ ပဲများရုံသက်သက်... ယခုအခါလည်း မျက်မှန်းကြီးတပ်လျှက်။ Mile က ပါဝါ ပါသည်။

Levi, က အသားညိုသည်။ ဆံပင်ညိုညို တို့ကိုခပ်အုပ်အုပ်ချထားတပ်ပြီး ရည်းစားကတော့ သူ့အသက်ထက်များသည်။

Zyran က စီးပွားရေးသမားဆန်ဆန် ဂျယ်နဲ့ဆံပင်ကိုနောက်လှန်ထားလေ့ရှိပေမဲ့။ သူငယ်ချင်းများနှင့်ကျ ဆံပင်ခပ်ကောက်ကောက်တို့ကို ချထားတတ်သည်။

Mile; ''ငါမင်းတို့ကိုလျှို့ဝှက်ထားတာရှိတယ်။''

ကားထဲ၌ စကားဝိုင်းကိုစတင်လိုက်သူက Mile ဖြစ်သည်။

Zyran; '' လျှို့ဝှက်ထားတာရှိတယ်ပေါ့။ ခွေးသား။ ငါတို့ကျ အကုန်ပြောပြထားရတာ''

Mateo; '' ငါတို့ကျအကုန်ပြောပြရပြီးတော့။ မင်းကျလျှို့ဝှက်ထားတယ်။ ''

Levi; ''ေ-ာက်ကျင့်မကောင်းတဲ့ကောင်''

Theogard; ''မဆဲကျပါနဲ့ပြောမဲ့သူကို''

'' Parallel Hearts '' ( Completed)Tempat cerita menjadi hidup. Temukan sekarang