Chapter 4 (i)

48 1 0
                                        

Myer နှင့် Mile နှစ်ဦးသား လေးထပ်တိုက်ကြီးရဲ့ခြံရှေ့တွင်ရပ်လျှက် ခြံတံခါးကို Mile လက်ဖြင့်ထိလိုက်ရုံဖြင့်ပွင့်သွားသည်။

နှစ်ဦးသား ခြံထဲဝင်လာရာ အရင်ဆုံးသူတို့ကိုကြိုဆိုနေတာက အရိပ်ကောင်းတဲ့ ကုက္ကိုပင်ကြီးတွေ... ပြီးတော့ မြက်ခင်းနုနုလေးတွေ အာလူးကျောက် ကလေးတွေကိုသုံးပြီး လမ်းခပ်ကျယ်ကျယ်ဆောက်လုပ်ထားသေးသည်။ ထိုလမ်းလေးအတိုင်း ဆက်လျှောက်လာရာ...

ကြာကန်လေး... ကြာပန်း ၉ပွင့် အတိအကျကိုရှိသည်။ ပြီးတော့ နှင်းဆီပန်းရောင်စုံ တွေ စိုက်ထားတဲ့အခင်း... ပြီးတော့ တရုတ်စကားဝါပန်း အဖြူအပွင့်လေးတွေ ပွင့်နေတဲ့ တရုတ်စကားဝါပင်...

ပြီးတော့ ရေကူးကန်.... ပန်းပင်လေးတွေနဲ့ မလှမ်းမကမ်းမှာ ရေကူးကန် အကျယ်ကြီးရှိပါသေးသည်။ ရေကူးကန်ထဲတွင် ရေတံခွန်ကရှိသေးသည်။ ရေကြည်ပြာပြာ တို့မှာကြည်လင်သန့်ရှင်းနေသည်။ Myer တစ်ချက်ပြုံးမိလိုက်သည်။ လုံးဝကိုသူ့အကြိုက်....

သူတို့လမ်းဆက်လျှောက်လာလိုက်ရာ...
ကားဂိုထောင် အကျယ်ကြီးတစ်ခုကိုတွေ့လိုက်သည်။ အနံက ကားတစ်စီးစာတော့ အသင့်အတင့်ဆန့်သည်။ အလျားကတော့ ကား9 စီးစာ လောက်တော့ရှိလိမ့်မည်....

Mile ကလက်ထဲက remote control နဲ့ဂိုထောင်တံခါးကိုဖွင့်လိုက်သည်။

" အဲ့တာတွေက Ferrari, Audi, Mercedes -benz, Lexus, Lamborghini, Porche, Rolls royce, Land crusier, Ford ''

Mile က သူ့ကားနာမည်တွေကိုရွတ်ပြနေသည်။ Myer သေချာနားထောင်ရင်း...

" ငါတို့ဘွဲ့ယူတုန်းက ဆလွန်းကားအဖြူလေးကရော''

" အဲ့တာ ငါ့အလုပ်သမားတွေရဲ့ကား။ သူတို့ရဲ့ကားတွေက ဟိုဘက်က အိမ်လေးထဲမှာ ''

တိုက်ကြီးဆီသို့မျက်နှာမူလိုက်သည်။ ၄ထပ်တိုက်အကြီးကြီးဗျာ... ဝန်ရံတာက အထပ်တိုင်းတွင်ပါသည်။ ဝန်ရံတာမှာ သစ်ခွ ပန်းအိုးလေးတွေချိတ်လို့... Myer ကြိုက်မှာသေချာနေပါပြီ။

တိုက်ကြီးရဲ့အရောင်က ဆင်စွယ်လို အဖြူရောင်။ ပြီးတော့ဧည့်ခန်းဝင်တံခါးကြီးက ကျွန်းတံခါးကြီး။ သေချာကြည့်လိုက်သောအခါ အနားပတ်လည်မှာ ရွှေကွပ်ထားသည်။ တံခါးကို အိမ်ထဲမှ အသားဖြူဖြူ အဒေါ်ကြီးတစ်ယောက်ကဖွင့်ပေးသည်။

'' Parallel Hearts '' ( Completed)Where stories live. Discover now