Chapter 1 (part 4)

70 1 1
                                        

ညနေစောင်းတစ်ခု၌ ကောင်လေး ၃ယောက်နှင့် ကောင်မလေး ၂ယောက် ဆေးရုံ၏ ဆရာဝန်များနားနေခန်းထဲတွင် ထိုင်နေကြသည်။

''ကျနော် ခဗျားတို့နဲ့အတူတူ ဟောက်ဆာဂျင်တစ်ဖွဲ့ထဲဖြစ်ရလို့ဂုဏ်ယူပါတယ် ''

အသံကခပ်အုပ်အုပ် ဆံပင်ညိုညိုအသားဖြူဖြူ နဲ့ကောင်လေးကပြောလာသည်။

Mile; '' ငါက Mile ပါ။ ''

Mile က ခပ်ပြုံးပြုံးပြောလာသည်။ Mile ကဒီနေ့ ဂျူတီကုတ် ကိုဝတ်ထားပြီး ဆံပင်နက်နက်တွေကို စတိုင်ကျကျ ဘေးခွဲ ထားသည့်အပြင် Style pant နက်ပြာထဲ ကြံစိမ်းရောင် T shirt ထည့်ဝတ်ထားသည်။

'' ငါက Lucius ပါ။ ''

စောနက ခပ်ချောချောကောင်လေးက နှုတ်ဆက်လာသည်။

'' ကျနော်က Theogard ပါဗျ။ သူငယ်ချင်းတွေကတော့ Theo လို့ခေါ်ပါတယ်ဗျ''

Theogard ကလက်ဖြင့် လည်ပင်းကိုသပ်ရင်းပြောလာသည်။ သူနှုတ်ဆက်ပြီးသည်နှင့်တစ်ပြိုင်နက် ကောင်မလေးနှစ်ယောက်ကနှုတ်ဆက်သည်။

'' ငါက Leonor ပါ''

ထိုကောင်မလေးကို Mile ကြည့်လိုက်မိသည်။
သူမက ပုခုံးလောက်ထိရှည်တဲ့မဟူရာအရောင် ဆံပင် ကို Pony tail စီးထားသည်။ ဆံမြိတ်ကိုချထားပြီး ကုတ်အဖြူရောင်လေးနဲ့ကလိုက်ဖက်လိုက်သည်။

'မျက်လုံးမှာတစ်မူထူးခြား​ေနတာ။ သူများတွေလို အညို အညိုရင့် မဟုတ်ဘဲ အနက်မှအနက်ဗျ...မျက်လုံး အရောင်တွေကတစ်ဖျတ်ဖျတ်လတ်နေတာဗျ။ အရပ်ကတော့ ၅ပေ၇ ကျော်ကျော်လောက်ကလေးရယ်။ လက်ချောင်းကလေးတွေကလည်း ရှည်သွယ်သွယ်လေးဗျ... အသားကလေးက ဖြူနေရောပဲ...'

ထိုသူမ၏ပုံသဏ္ဌာန်ကို Mile စိတ်ကနေပြောနေမိသည်။ သူမက ဆက်ပြီးပြောသည်။

'' ငါက April မှာမွေးတဲ့ Aries ပါ။ ''

'' မင်း Zodiac တွေလေ့လာတာလား။ ငါလည်း April မှာမွေးတဲ့ Aries ပဲ ''

'' ငါတို့သူငယ်ချင်းလုပ်လို့အဆင်ပြေပြီ Mile''

'' ဒါပေါ့ ''

Mile ကထိုကောင်မလေးနှင့်စကားပြောဖို့ကို စိတ်အားထက်သန်နေသည်။ ခဏအကြာတွင် Leonor ဘေးကကောင်မလေးက စကားပြောလာသည်။

'' Parallel Hearts '' ( Completed)Where stories live. Discover now