" အလုပ်သမားတွေများတယ်နော်''

" အေး ဟုတ်တယ် ''

Mile က မျက်လုံးတစ်ဖက်မှိတ်ပြီး အရှေ့သို့ဆက်သွားသည်။

" ဒါက Gym ခန်းလေ။ ငါမနက်တိုင်းလေ့ကျင့်ခန်းလုပ်နေကျပေါ့။''

နှစ်ဦးသား စတုတ္ထအထပ်သို့တတ်လာခဲ့ကြသည်။

" ဒီမှာအခန်း ၄ခန်းရှိတယ်။ ဘုရားခန်းရယ်။ ငါအခန်းရယ်။ စာကြည့်တိုက်ရယ် မင်းအခန်းရယ်''

" ငါ့အခန်းကဘာလို့ပါလာတာလဲ'

" မင်း ငါနဲ့အတူတူနေရင်ရအောင်လို့လေ။ အထဲလိုက်ပြမယ်လာခဲ့ ''

Myer က Mile ၏နောက်သို့လိုက်သွားသည်။ အခန်းထဲဝင်လိုက်တာနဲ့ ...

အနက်ရောင် ဆေးတွေသုတ်ထားသည့် အခန်းတွင်မှ နက်ပြာရောင် မီးဆိုင်း ကြီးမှအလင်းတွေကဖျာထွက်နေသည်။ ပြီးတော့ ကျွန်းဘီရိုတစ်လုံး... စာအုပ်စင်...Tv လက်မ၁၀၀... Master bedroom type မလို့ Myer အကြိုက်ပါပဲ... ကုတင်က အပြာနုနု မလို့ အခန်းတွင်ပေါ်လွင်နေသည်။ အဝတ်ဘီရို နားမှလည်း ငါးကန်လေးတစ်ကန် ဖန်ကန် လေးထဲမှာ ငါးလေး၆ကောင် ကူးခတ်နေကြသည်။

" ကြိုက်လား Myer ''

Mile က မျက်ခုံးတွန့်ပြလိုက်သည်။

" Wow, အရမ်းကြိုက်''

" မင်းက It engineering သမား ဆိုတော့က ဒီမှာ မင်းအလုပ်လုပ်ဖို့စားပွဲ... ''

" ချစ်သွားပြီ Mile ရာ ''

" ဟားဟား.. အခြားအခန်းလိုက်ပြမယ်''

ဘုရားခန်းထဲတွင်... ရွှေအစစ်နှင့်ပြုလုပ်ထားသော ဘုရားရုပ်ထု က ရွှေပလ္လင်ပေါ်မှာ သပ္ပါယ်စွာတည်ရှိသည်။ ဖျာတစ်ချပ်ကိုတွေလိုက်ရသည်။ Myer သိလိုက်ပြီ ဒါဟာ Mile တရားထိုင်နေကျနေရာဆိုတာ....

ရှေ့မှာလည်း စားပွဲတစ်ခု... ဘုရားကို ကပ်ထားသည့် ဆွမ်းတွေဆိုတာ Myer သိလိုက်ပြီ။ ရွှေပလ္လင်ပေါ်မှာ လည်း ရွှေကွပ်ထားသည့် ကြွေခွက်..

"အဲ့တာ ရွှေအစစ်တွေနဲ့ကွပ်ထားတာ''

" Mile မင်းကိုလေးစားသွားပြီ ''

Myer ကအလေးပြုသည့်ပုံစံလုပ်ပြသည်။ သူကတော့ ရယ်နေမိသည်။

" ငါ့အခန်းကိုလိုက်မပြခင် စာကြည့်တိုက်အခန်းလေးလိုက်ပြမယ်လေ ''

စာကြည့်တိုက်ဆိုသော အခန်းလေးထဲကိုက သူတို့နှစ်ဦးဝင်လိုက်သည်....

အခန်းက အညိုရောင်သန်းနေသည်။ စာအုပ်စင် ညိုညို တွေက အထပ်တိုင်းမှာ စာအုပ်တွေနှင့်ပြည့်နေသည်။ စာအုပ်တွေကို သူ့အမျိုးအစားအပုံနှင့်သူ ခွဲထားသည်။ အမဲရောင် စန္ဒယား... အဲ့တာက Mile တီးနေကျဟု Myer တွေးမိလိုက်သည်။

ဖန်စားပွဲလေးရဲ့ရှေ့နှစ်ဖက်မှာ တစ်ယောက်ထိုင် Sofa နှစ်လုံးမျက်နှာချင်းဆိုင်နေလေသည်။ Myer နှင့် Mile မျက်နှာချင်းဆိုင်ထိုင်နေလိုက်သည်။

" နောက်ဆုံးကျန်တဲ့ဘဝအကြောင်းကို မင်းနားထောင်ဖို့အဆင်သင့်ပဲလား''

" နည်းနည်းတော့အဆင်မပြေ''

Myer ကသေချာပြန်ဖြေသည်။ Mile ခတ္တ ထွက်သွားသည်။ ပြန်လာတော့ Alpine ရေဘူးလေးနှစ်ဘူးနှင့်.. တစ်ရှုး တစ်ဘူး...

" မင်းငိုတာကိုမြင်ရတာသိပ်တော့စိတ်ချမ်းသာစရာမကောင်းဘူးကွ။ အဲ့တော့စာအုပ်တစ်အုပ်သာယူဖတ်တော့ကွာ''

" နားလည်ပေးတတ်သေးသာပဲ''

Thanks for reading
Please vote and comment
by ivan-

'' Parallel Hearts '' ( Completed)Where stories live. Discover now