" တီကြေး... ဒါက ကျွန်တော်ပြောပြောနေတဲ့ ကျွန်တော်သူငယ်ချင်း ''
ထိုမိန်းမကြီးနှင့် Myer ကို နှုတ်ဆက်ပေးလိုက်သည်။ တံခါးဖွင့်လိုက်သောအခါ မြင်လိုက်ရတာက နံရံရဲ့ မျက်နှာချင်းဆိုင်တစ်ဖက်မှာ Mile ရဲ့ဆုတွေ နံရံမှာအပြည့်။ ပြီးတော့ နောက်နံရံတစ်ဖက် မှာလည်း Certificate တွေကနံရံအပြည့်ပါပဲ။ အောက်ထပ်က လုံးဝ Hall ပါပဲ။ ဆုတွေနဲ့ပြည့်နေခဲ့သည်။
ကြောင်လိမ်လှေကားမှ အပေါ်ထပ်သို့တတ်သောအခါ... ဒုတိယထပ်သို့ရောက်ရှိလာပြီ။ ပြီးတော့ ရောက်ရောက်ချင်းမြင်လိုက်ရတာက ကျွန်းအနက် နဲ့လုပ်ထားသည့် စတီခုံတွေပင်... ပန်းအိုးထဲမှာလည်း နှင်းဆီပန်းအချို့က တင့်တယ်စွာ ရှိနေသေးသည်။ ဧည့်ခန်းဟုထင်မှတ်ရပါသည်။ ထိုစတီခုံတွေနားမှာပင် 100လက်မ တီဗွီက ရှိသေးသည်။
ထိုဧည့်ခန်းအနီးတွင် ဓာတ်ပုံ ၆ပုံရှိသည်။ တစ်ပုံက Mile လူရည်ချွန်ဝတ်စုံနှင့် သူ၏ဆုတွေ။
နောက်တစ်ပုံက Mileဘွဲ့ရသည့်နေ့က သူရယ် သူအမေရယ် သူညီမလေးရယ် ၏ ဓာတ်ပုံ။
နောက်တစ်ပုံက Mile ၃တန်းနှစ်က သူ့၏ အဖေ အမေနှင့်ညီမလေး အတူတူ ဆုပေးပွဲမှာရိုက်ထားသည့်ပုံပင်။
စတုတ္ထပုံက သူ့မိဘနှစ်ပါး၏ မဂ်လာဆောင်ဓာတ်ပုံ။
ပဥ္ဓမပုံကတော့ Mile, Myer, Levi, Zyran, Mateo, Theogard ၆ယောက်အတူတူ ရိုက်ထားသည့်ဓာတ်ပုံ။ သူတို့ ၁၂တန်းနောက်ဆုံးနှစ်ကပုံဆိုလျှင်လည်းမမှား
နောက်ဆုံးပုံကတော့ Myer နှင့် Mile ၏ပုံပင် Mile က Style pant နက်ပြာထဲ Sweater နက်ပြာလေးနှင့် Myer က Style pant နက်ပြာနှင့် ခဲရောင် Hoddie လေးနှင့်ပင်။ အဲ့တာက သူနှင့် Myer ၁၁ တန်းနှစ်က Bubble tea ဆိုင်မှာ ရိုက်ထားသည့်ပုံပင်။
Myer က ပုံတွေကိုအံဩမှင်သက်စွာ ကြည့်လိုက်သည်။ ဧည့်ခန်းနှင့်ခပ်ဝေးဝေးတွင် မီးဖိုခန်းတစ်ခန်း... ရေခဲသေတ္တာ က၄ထပ်... ဘေစင်တွေရယ် အပြင်အဆင်တွေကိုကြည့်ရသလောက်ကတော့ စျေးတော်တော်ကြီးမည်ဆိုတာ သူရိပ်မိပါသည်။
တတိယထပ်သို့သူတို့နှစ်ဦးတတ်သွားခဲ့ပါသည်။
"ပြီးတော့ ဒီမယ် အခန်းနှစ်ခန်းက ဧည့်သည်တွေတည်းဖို့။ အဲ့တာက တီကြေးအတွက်က တစ်ခန်း။ တီကြေးဆိုတာ ငါတို့အောက်မှာတွေ့ခဲ့တဲ့အဒေါ်ကြီးလေ အသက်က ငါ့ထက် ၁၅နှစ်ကျော်ကျော်လောက်ပဲကြီးတာ။ နောက်တစ်ခန်းက ဦးမှုံရဲ့အခန်း။ ဦးမှုံက ငါ့တို့ခြံရဲ့ဥယျာဉ်မှုး။ ကျန်တဲ့နှစ်ခန်းကတော့ ဒီအိမ်က အလုပ်သမား အချို့ အိပ်တဲ့အခန်းတွေပဲ ''
YOU ARE READING
'' Parallel Hearts '' ( Completed)
Teen Fictionကောင်လေးနဲ့ကောင်မလေးက ဘဝအဆက်ဆက်မှာဝေးခဲ့ပြီး နောက်ဆုံးဘဝမှာ ကောင်လေးနှစ်ယောက် အဖြစ်ပြန်ဆုံသောအခါ...... ဤ Fiction သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါ။ စာရေးသူ၏စိတ်ကူးသာဖြစ်ပါသည်။ဇာတ်ဆောင်တွေ့ရဲ့ နာမည်သည်လည်း မည်သူကိုမှမထိခိုက်လိုပါ ။ ...
Chapter 4 (i)
Start from the beginning
