နောက်တန်းက စကားသံတွေက ကားကိုဆူညံသွားစေသည်။

Mile; '' ငါမင်းတို့ကိုလိမ်ထားတာရှိတယ်။ ဟိုဟာလေ ၄ထပ်တိုက်ကြီးဘေးက အိမ်လေးဆိုတာက ငါ့အိမ်မဟုတ်ဘူး။ ပြီးတော့ ငါအခုမောင်းနေတဲ့ကားက ငါ့ကားမဟုတ်ဘူး ''

Levi; ''ငါတို့ပိုက်ဆံချေးရမလား။ မင်းဘဝ အ့လောက်ထိဖြစ်သွားတာငါမသိလို့ပါကွာ ''

Mateo; ''ငါ့ကောင်ရာ... မင်းအမေဆီက ဖင်ယားပြီး အိမ်ထောင်စုစာရင်းထဲကထွက်တုန်းကငါတားရမှာပါကွာ ''

Theogard; '' ငါဟိုတစ်နေ့ကထင်နေတာတွေအကုန်အမှားပေါ့။ မင်းဆီကချေးထားတဲ့ ၅သောင်းပြန်ဆပ်ပါမယ်ကွာ ''

Myer; '' မင်းတို့တွေပါးစပ်ပိတ်စမ်းပါ။ Mile, မင်းဆက်ပြော ''

Myer က ပြောလိုက်မှ အကုန်ပါးစပ်ပိတ်သွားသည်။ Mile က အသက်အရှည်ကြီးရှုလိုက်ပြီး

Mile; '' မင်းတို့ထင်နေတာတစ်ခုမှမဟုတ်ဘူး။ Theo ဆီက ၅သောင်းလည်းငါပြန်တောင်း​နေတာမဟုတ်ဘူး။ ''

Myer; '' အဲ့တော့မင်းကဘာပြောချင်တာလဲ''

Mile; ''ငါ ဆရာဝန် ဖြစ်ပြီးရင် မင်းတို့သိရမှာပါ ''

Levi; '' အခုပြောတော့မြွေကိုက်မှာမလို့လား''

Mateo; '' အဆက်မရှိ ထားခဲ့ပြန်ပြီ Levi တောင်သူ့စော်တွေကို တန်းလန်းမထားခဲ့ဘူး''

Levi; ''မိုက်ရိုင်းချက်''

Mile; ''ဟားဟား ''

ရယ်သံများဖြင့် လွှမ်းခြုံနေစဉ် အသံငြိမ်နေသည့် Theogard ဆီမှ အသံထွက်လာခဲ့သည်။

Theogard; '' ငါ့ကိုဟိုနေ့က Zac ကဖုန်းဆက်တယ်''

Myer; ''ဘယ်အချိန်တုန်း ''

Theogard; '' ညကြီး ၁၂ဝန်းကျင်လောက်''

Mile; ''ဘယ်သူ ကြောင့်လို့မင်းထင်လဲ''

ခေါင်းမော့ကာမေးလာသည့် Mile က အခြေအနေကိုသိထားသည့်အလား...

Levi; ''မင်းလုပ်လိုက်တာလား''

Mile က ပုခုံးတွန့်ပြပြီး ကားကိုအာရုံစိုက်မောင်းနေသည်။

Mateo; ''Mileကြောင့်လား''

Levi; ''မင်းဘာလုပ်လိုက်တာလဲ Mile''

Mile; '' ငါက နည်းနည်းပဲလုပ်တာပါ''

'' Parallel Hearts '' ( Completed)Место, где живут истории. Откройте их для себя