အိပ်ခန်းတံခါးကို ဆွဲဖွင့်ပြီး အခန်းထဲရောက်တယ်ဆိုရင်ပဲ ကိုင်ထားဆဲဖြစ်တဲ့နှောင်းငယ်ရဲ့လက်ကို စေ့ဘက်ဆွဲလိုက်တော့ ခန္ဓာကိုယ်နှစ်ခုက ထပ်တူကျသွားသည်။ အနီးကပ်မြင်နေရတဲ့မျက်နှာလေးကို မော့စေလိုက်ပြီး အနမ်းတို့ကို ပြန်ဆက်လိုက်တဲ့အချိန်မှာတော့ နှောင်းငယ်ကလည်း တန်ပြန်နမ်းရှိုက်လာလေသည်။ စေ့လက်တွေက နှောင်းငယ်ရဲ့ခါးကို တင်းကြပ်စွာပွေ့ဖက်ထားရင်း နောက်ကျောပြင်အနှံ့ပွတ်သပ်နေမိပြီး နှောင်းငယ်ဝတ်ထားတဲ့ ညဝတ်ဂါဝန်ရဲ့အပေါ်ထပ်ကို ကြိုးဖြည်ချပြီး ချွတ်လိုက်မိတာက အစီစဉ်တကျပင်။ ကြမ်းပြင်ပေါ်ပုံခနဲကျသွားတဲ့ အပေါ်ထပ်လေးမရှိတော့ချိန်မှာတော့ ကြိုးတစ်ချောင်းဂါဝန်လေးနဲ့ လှချင်တိုင်းလှနေတဲ့ နှောင်းငယ်ကို နမ်းနေရင်း ခဏရပ်ကာ ငေးကြည့်လိုက်မိသည်။
နှောင်းကို သေချာစိုက်ကြည့်လာတဲ့မောင့်အကြည့်တွေကြောင့် ရင်ဖိုစွာဖြင့် မောင့်လည်တိုင်ကို နှောင်းလက်တွေနဲ့ ယှက်သိုင်းဖက်တွယ်လိုက်ပြီး မောင့်နှုတ်ခမ်းဖျားကို ခြေဖျားထောက်ကာ မော့နမ်းလိုက်သည်။ ထို့နောက် မောင်ကပဲ ဦးဆောင်သူဖြစ်သွားကာ နှောင်းကတော့ မောင့်အနမ်းရေယာဉ်ကြောကို အမှီလိုက်နေရတဲ့သူဖြစ်သွားလေသည်။ မောင်က ကုတင်နားထိ ရွေ့လျားလာပြီး နှောင်းကိုနမ်းနေရင်းနဲ့ပင် ကုတင်ပေါ်လှဲချလိုက်တာက ညင်သာစွာဖြင့် တယုတယ။
စေ့ ရင်ခွင်အောက်က ချစ်စရာမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေရင်း နဖူးပေါ်ကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ပြီး နှောင်းငယ်ရဲ့နားရွက်ဖျားနဲ့ မေးရိုးတစ်လျှောက် စေ့နှာခေါင်းဖြင့် တို့ထိကာ ကျီစယ်ရင်း
"မောင် နှောင်းငယ်ကို သိပ်ချစ်တယ်"
"အင်း နှောင်းသိတယ်"
"နှောင်းငယ်ရော မောင့်ကို ချစ်လား"
"ဒီလိုအခြေအနေမျိုးမှာ နှောင်းက ဖြေဖို့လိုသေးတာလား"
"အင်း.... မောင် ကြားချင်လို့"
နှစ်ကိုယ်ကြား ကြားရုံလေသံနဲ့ပြောနေတာမို့ မောင့်အသံက ခပ်ရှရှအသံဖြစ်နေတာကလည်း နှောင်းအတွက် ဆွဲဆောင်မှုရှိနေပြန်သည်။ မောင်က နှောင်းရဲ့နားရွက်ဖျားတွေကို နှုတ်ခမ်းနဲ့မထိတထိနမ်းလိုက် နှာခေါင်းနဲ့တို့ထိလိုက်လုပ်နေတာမို့ ကြက်သီးမွှေးညှင်းများ ထလာမိသည်။ နှောင်းဆီက ပြန်ဖြေသံကို မျှော်လင့်စောင့်စားနေတဲ့ မောင့်ပုံစံက ဆွဲဆောင်မှုရှိနေတာမို့ မောင့်လည်တိုင်ကို လက်နဲ့ယှက်သိုင်းကာ နှာခေါင်းချင်းထိကပ်သွားသည်အထိ ဆွဲချလိုက်ပြီး
🚨 First Night🚨
Start from the beginning
