💕Pokémon💕

1.2K 69 5
                                        

💕 Feeling of Love 💕 အပိုင်း ၃၇

အခန်းတံခါးခေါက်သံကြောင့် နှောင်းတံခါးကို ဖွင့်လိုက်တော့ ပန်းစည်းဖြင့် မျက်နှာကို ကွယ်ထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ဘယ်သူလဲဆိုပြီး ကြည့်နေစဉ်မှာပင် ပန်းစည်းနောက်က ရင်းနှီးနေတဲ့မျက်နှာလေးကို မြင်လိုက်ရပြီး

"Surprise"

"ဟင် လင်း.... ပန်းစည်းကြီးက ငါ့အတွက်လား.. ဟီး ငါ့သယ်ရင်းလေးက ချစ်ဖို့အကောင်းဆုံးပဲ.... လာ အထဲဝင်"

လင်း အခန်းထဲကို ဝင်လိုက်ပြီး ဖိနပ်ချွတ်ရန်အတွက် နှောင်းကို လက်ထဲက ပန်းစည်းကမ်းပေးလိုက်ရင်း

"နင့်အတွက်ထင်တယ် ဒါပေမယ့် ငါ ဝယ်လာတာ မဟုတ်ဘူး"

"ဟင် ဘယ်လိုကြီးလဲ"

လင်း ကမ်းပေးလာတဲ့ ပန်းစည်းကို လက်ကမ်းယူလိုက်ရင်း ဖိနပ်ချွတ်နေတဲ့လင်းကို တစ်ချက်ပြန်ကြည့်လိုက်တော့ လင်းက

"နင့်အိမ်ရှေ့မှာတွေ့လို့ ယူလာတာ"

နှောင်းကို ပြောပြီး အခန်းထဲဝင်သွားတဲ့လင်းရဲ့ နှောင်းလည်း လိုက်ဝင်ရင်း ပန်းစည်းကို စားပွဲပေါ်တင်ကာ ရေခဲသေတ္တာထဲက အအေးတစ်ဗူးထုတ်ပြီး လင်းကို ကမ်းပေးလိုက်သည်။

"ဘယ်သူပေးတာလဲ မသိဘူးနော်"

"အမယ်လေးဟယ် ကြွားစရာမရှိတော့ဘူးထင်ပါရဲ့နော်.... နင့်ချစ်သူ ပေးတာနေမှာပေါ့ဟဲ့"

"မောင်က ငါ့ကို မွေးနေ့လက်ဆောင်ပေးပြီးသွားပြီ… ဒီမှာလေ"

နှောင်းလည်ပင်းမှာ ဝတ်ထားတဲ့ မောင်မွေးနေ့လက်ဆောင်ပေးထားတဲ့ ဆွဲကြိုးလေးကို ပြလိုက်တော့ လင်းက ပြုံးသွားကာ

"မိန်းမ... သိပ်ပျော်နေတယ်ပေါ့လေ"

"အွန်း.... ဟီး....."

ခေါင်းညိမ့်ပြပြီးမှ ရှက်သွားတာကြောင့် ဟီးခနဲရယ်လိုက်မိတဲ့ နှောင်းရယ်သာ။

"နင် ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ လင်း... နင် ဦးနဲ့ ပြဿနာတက်ထားကြတာလား"

တစ်ခုခုဆို အရိပ်အကဲဖမ်းတာ အရမ်းတော်တဲ့နှောင်းကြောင့် လင်း အကြောင်းတစ်ခုခုပြဖို့ ဆုံးဖြတ်လိုက်မိပြီး

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now