💕Hobby💕

1.6K 54 0
                                        

💕 Feeling of Love 💕 အပိုင်း ၁၀

နှောင်းအိပ်ရာထချိန်မှာ မနက် ၈နာရီခွဲနေပြီ။ အိပ်ရာထဲက မထချင်သေးတာမို့ ဖုန်းကို လှမ်းယူလိုက်ပြီး IG သုံးဖို့ဖွင့်လိုက်သည်။ ၇နာရီဝန်းကျင်လောက်မှာ မောင်က မောနင်းဆိုပြီး စာပို့ထားတာတွေ့လိုက်ရတာကြောင့် နှောင်းမျက်လုံးပြူးသွားသည်။ နှောင်းက ခုမှအိပ်ရာနိုးတာဆိုတော့ စာချက်ချင်းမပြန်လိုက်နိုင်ပေ။ ခုမှစာပြန်လိုက်ရင်လည်း နှောင်းခုမှနိုးတယ်ထင်ပြီး အထင်သေးသွားမလား။ မိန်းကလေးတန်မယ့် နောက်ကျမှအိပ်ရာနိုးလို့လေ။ အို... ရုံးပိတ်ရက်မို့အိပ်တာပဲဟာ။ ဘယ်သူ့ဂရုစိုက်ရမှာလဲ။ ဟူးးး ဒီလိုတွေကြောင့် ရည်းစားမထားချင်တာ။ အကုန်လုံးကို ဟန်ဆောင်ပန်ဆောင်နဲ့ မျက်နှာဖုံးတပ်ထားရသလိုပဲ။ ရည်းစားနဲ့တွေ့ရမှာမို့ မိတ်ကပ်ကို ပိုလှအောင်ပြင်ရတာနဲ့ အဝတ်အစားဆို အချိန်ကြာကြာရွေးရတာနဲ့။ တွေးလက်စအတွေးကိုဖျောက်ကာ မောင့်ဆီ မောနင်းဆိုပြီး စာပြန်ပို့လိုက်သည်။ ပြီးတာနဲ့ IG ထဲ Update တွေ ကြည့်နေလိုက်သည်။ ၅မိနစ်လောက်နေတော့ မောင့်ဘက်က စာပြန်လာတာက 

📨 ခုမှနိုးတာလား အိပ်ရေးရောဝရဲ့လား

📨 အင်း ညက ရုပ်ရှင်ကြည့်ရင်းနောက်ကျသွားတာ

နှောင်းဘက်က ပြန်စာပို့ပြီးပြီးချင်းပဲ မောင့်ဘက်က ဖုန်းခေါ်လာတာကြောင့် ကိုင်လိုက်တော့ တစ်ဖက်မှ မောင့်အသံက နိုးနိုးကြားကြား တက်တက်ကြွကြွဖြင့် နှောင်းကဖြင့် နိုးနိုးချင်းမို့ အသံကအက်နေမှာပင်။

"ဟယ်လို"

"ဟယ်လို မ... မနက်စာ ဘာစားပြီးပြီလဲ မောင်လာပို့ရမလား"

"ဟင့်အင်း ရတယ်... နောက်မှ မုန့်သွားစားလိုက်မယ်... မောင်ရော ပြပွဲရောက်နေပြီလား"

"အင်း ရောက်နေပြီ... ကောင်းပြည့်နဲ့ သူ့ရုံးခန်းမှာ ကော်ဖီသောက်နေတာ"

"ဪ... ဒါနဲ့ ဘာပြောမလို့ဖုန်းဆက်တာလဲ"

"မ အသံကြားချင်လို့လှမ်းဆက်တာပါ... ဒီနေ့တစ်နေ့လုံးမတွေ့ရဘူးမလား... အဲ့တော့ အားဆေးအနေနဲ့ အသံလေးလှမ်းနားထောင်တာ"

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now