💕 Feeling of Love 💕 အပိုင်း ၁၉
စေလည်း တစ်ရေးတစ်မောအိပ်ပြီးတာနဲ့ မ,ရှိတဲ့ဟိုဘက်အိမ်ကို ကူးလာခဲ့သည်။ စေတို့နေတဲ့အိမ်နဲ့ မ,တို့နေတဲ့အိမ်မှာ ကွာသွားတာဆိုလို့ မ,တို့က High Celling ပုံစံဖြစ်တာမို့ အပေါ်ထပ်မှာ အခန်းနှစ်ခန်းပဲရှိသည်။ စေတို့နေတဲ့အိမ်ကတော့ High Sealing မထားဘဲ အခန်းဖွဲ့စည်းထားတာမို့ အပေါ်ထပ်မှာ ၃ခန်းရှိကာ အောက်ထပ်ကတစ်ခန်းမှာတော့ စေတစ်ယောက်တည်းနေလေသည်။ မနက်ကတည်းက ဧည့်ခန်း ထမင်းစားခန်းနဲ့ မီးဖိုချောင်ကို မ,တို့အိမ်ဘက်ကပဲ သုံးမယ် ဒါမှ ခရီးအတူတူထွက်ရတဲ့ Feeling ရမှာဆိုပြီး အမေကပြောတာမို့ အားလုံးကလည်း လက်ခံတာနဲ့ စေတို့မှာ မ,တို့အိမ်ဘက်ကိုပဲ ကူးနေရမှာဖြစ်သည်။
မ,တို့အိမ်ဘက်ကို အဝင်တံခါးကနေမဟုတ်ဘဲ ရေကူးကန်ဘက်ခြမ်းက မှန်တံခါးကြီးတွေကနေလည်း ဖွင့်ပြီးဝင်လို့ရတာကြောင့် စေတို့ကတော့ ဒီမှန်တံခါးကပဲ ဖွင့်ဝင်ကြတာဖြစ်သည်။
မ,ရှိရာအိမ်ကိုရောက်တော့ မှန်တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရပုံကြောင့် စေ ပြုံးမိသွားပြန်သည်။ တကယ်ပါ မ,နဲ့တွေ့ရင် မ,အနားမှာ ရှိနေရရုံနဲ့တင် စိတ်ဆိုးတာ၊ စိတ်ခုတာတွေ ဘာမှမရှိတော့ဘဲ အမြဲလိုလိုခဏခဏပြုံးနေမိသည်။ အခုလည်း Laptop ဖွင့်ကာ အလုပ်လုပ်နေတဲ့ မ,ပုံစံက ရေချိုးထားပုံရကာ တီရှပ်လက်တို Body Fit ကြက်သွေးရောင် နဲ့ အောက်က Sweat Pant အမဲရောင်ကို ဝတ်ဆင်ထားတာကြောင့် ဝင်းဝါနေတဲ့အသားအရည်လေးတွေဟာ ကြည်လင်တောက်ပနေသည်။ နောက်ပြီး ဆံပင်အဖျားလေးတွေက ရေစိုထားပုံရကာ အချောင်းလိုက်လေးတွေဖြစ်နေပုံက ရေချိုးထားကြောင်း ဖော်ပြနေသလိုပင်။ ခြေထောက်မှာ ပတ်တီးမစည်းထားပဲ ခြေအိတ်လေးသာဝတ်ထားပေမယ့် လက်မှာတော့ ပတ်တီးကအဖွေးသားဖြင့်သာ။
"ဟော သားနိုးလာပြီလား... ဗိုက်ဆာပြီလားသား"
"ရတယ် အန်တီမြိုင်... ကျွန်တော် မဆာသေးပါဘူး ကော်ဖီသောက်ချင်လာလို့"
အန်တီမြိုင့်အမေးကို စေပြန်ဖြေပြီးနောက် စေ့အသံကြောင့်လှည့်ကြည့်လာတဲ့ စေ ချစ်ရတဲ့မိန်းကလေးနဲ့ အကြည့်ချင်းဆုံလိုက်တော့ ချက်ချင်းပင် ရှေ့ပြန်လှည့်သွားတဲ့ မ,ကြောင့် နှုတ်ခမ်းတွန့်ရုံလေး စေပြုံးမိပြန်သည်။ အန်တီမြိုင်က သူဖျော်ပေးမယ်ဆိုတဲ့အပြောကို စေက အားနာနာနဲ့ငြင်းကာ ကိုယ်တိုင်ဘဲ ဖျော်နေလိုက်သည်။ ကော်ဖီဖျော်တဲ့စက်ရှိတာမို့ အမေရိကန်နိုပူပူလေးတစ်ခွက်ကိုဖျော်ပြီး ဧည့်ခန်းမှာပဲထိုင်ကာ လက်ထဲကစာအုပ်ကိုဘေးနားချထားရင်း ရောက်တက်ရာရာတွေပြောနေကြသည်။
