💕Happy New Year💕

1.8K 74 1
                                        

💕 Feeling of Love 💕 အပိုင်း ၂၆

December 31…………

5…4…3…2…1 Happy New Year🎆🎆🎆

Countdown ရေတွက်သံနဲ့အတူ အားလုံးသံပြိုင် Happy New Year ဟု အော်ကာ နှစ်သစ်ကို ကြိုဆိုကြသည်နှင့်တပြိုင်နက် မဟူရာကောင်းကင်ထက်မှာ မီးရှူးမီးပန်းတွေက လင်းလက်လာကြသည်။ 

မီးရှုးမီးပန်းတွေရဲ့အလင်းရောင်ကြောင့် စေ့ဘေးမှာရပ်နေတဲ့ ချစ်ရသူရဲ့မျက်နှာကို လင်းလင်းရှင်းရှင်းမြင်နေရသည်။ များပြားလှသော မီးရှုးမီးပန်းတွေကို လက်ခုပ်လက်ဝါးတီးကာ ရယ်မောပြီး ခေါင်းမော့ကြည့်နေတဲ့ မ။ 

မ,နဲ့အတူ ပထမဆုံးအနေနဲ့ နှစ်သစ်ကို ကြိုဆိုလို့မရတော့ဘူးဆိုပြီး စိတ်မကောင်းဖြစ်နေခဲ့ရပေမယ့် အခုတော့ မ,ကို ဖက်ထားကာ နှစ်သစ်ကို ကြိုဆိုခွင့်ရခဲ့ပြီမို့ စေ အတော်လေး ကျေနပ်မိသည်။

မ,ရဲ့ပုခုံးကို ကျစ်နေအောင်ဖက်ထားရာကနေ ရင်ခွင်ထဲဆွဲဖက်လိုက်တော့ မ,က မျက်လုံးဝိုင်းလေးဖြင့် စေ့မျက်နှာကို တအံ့တဩ မော့ကြည့်လာသည်။ မော့ကြည့်လာတဲ့ မျက်နှာလေးက စေ့အတွက် စွဲမက်စရာပဲမို့ မ,နဖူးထက် စေ့နှုတ်ခမ်းတို့ဖြင့် အနမ်းတစ်ပွင့်ပေးလိုက်ကာ

"Happy New Year ပါ မ "

ထိုအခါမှ မ,က စေ့ကို ရယ်ပြလာပြီး စေ့ခါးကို ကုတ်အင်္ကျီအောက်ကနေ လက်ထည့်ကာ သိုင်းဖက်လာပြီး 

"Happy New Year ပါ မောင်" လို့ပြောကာ စေ့ရင်ဘတ်ပေါ် ပါးလေးအပ်ကာ မီးရှုးမီးပန်းများကို ဆက်ကြည့်နေသည်။ စေ့ရင်ခွင်ထဲက မ,ကို တင်းနေအောင်ဖက်လိုက်ပြီး

"ခုလို မ,နဲ့အတူ နှစ်သစ်ကို ကြိုဆိုခွင့်ရလို့ မောင်တော့ အရမ်းပျော်တာပဲ"

"အွန်း ဟုတ်တယ်နော်… အစက မောင်နဲ့အတူမရှိနိုင်ဘူးထင်နေတာ… တိုက်တိုက်ဆိုင်ဆိုင် ဆုံမှဆုံတတ်တယ် အဟင်း"

"ဒါကတော့ မောင့်အချစ်တွေက စစ်မှန်လို့ ကံတရားက မျက်နှာသာပေးတာပဲဖြစ်မယ်"

စကားပြောတာတောင် ကိုယ့်ဘက်ကိုယ်ယက်တဲ့မောင့်ကြောင့် နှောင်းက မောင့်ကို တဖန်ပြန်မော့ကြည့်ပြီး

💕 Feeling of Love 💕 (Unicode Ver)Where stories live. Discover now