💕 Feeling of Love အပိုင်း ၄၀ 💕
ဦးရဲ့စကားတွေ ကြားပြီးနောက်မှာ အံ့ဩလွန်းလို့ နှောင်းမှာ ပါးစပ်အဟောင်းသား။ နှောင်း စင်္ကာပူကို အလုပ်ကိစ္စနဲ့ခရီးထွက်သွားတဲ့ ရက်ပိုင်းအတွင်းမှာ ဒီလောက်ထိ ပြဿနာတွေ တက်သွားရတယ်လို့။ ဒါ့အပြင် လင်းကိုယ်တိုင်ကလည်း နှောင်းကို ဘာမှမပြောပြထားတာမို့ လင်းတစ်ယောက်တည်း ဘယ်လောက်တောင် တုန်လှုပ်နေလိမ့်မလဲဆိုတာကိုပါ တစ်ဆက်တည်းတွေးမိရင်း ဦးကိုသာ ရိုက်သတ်ချင်တော့သည်။ စိတ်ထဲတွေးနေတာထက် လက်က ပိုမြန်နေတာမို့ ဘေးမှာထိုင်နေတဲ့ ဦးရဲ့လက်မောင်းကို တဖြောင်းဖြောင်းမြည်အောင် ရိုက်လိုက်မိသည်။
"နာတယ် နှောင်းရဲ့"
"နာလည်း သေလိုက်လေ"
".................."
"နင် ဘယ်လိုတောင် လုပ်ရက်ရတာလဲ ဦးရယ်.... ဟမ်..... ငါသာ လင်းနေရာမှာဆိုရင်လည်း နင့်ကို မျက်နှာချင်းကို မဆိုင်ချင်လောက်ဘူးသိလား"
"ငါ အဲ့နေ့ကတည်းက သူ့ကို တာဝန်ယူပေးဖို့ပြောပါသေးတယ်..... နောက်ပြီး ငါတောက်လျှောက် သူ့ကို ဖုန်းတွေဆက်တယ် ဒါပေမယ့် ငါ့ဖုန်းကို လုံးဝကို မကိုင်တာ..... ငါလည်း တစ်ခုခုတော့ စီစဥ်ဖို့စဥ်းစားနေပေမယ့် ခုလို ဖြစ်လာမယ်လို့ မထင်ခဲ့ဘူးလေ"
"ခုတော့ နင် ဘယ်လိုလုပ်တော့မှာလဲ"
"ငါ လင်းကို လက်ထပ်မှာပေါ့"
"အဲ့ဒါတော့ နင်ပြောမှလား..... လက်မထပ်လို့လည်း မရဘူးလေ..... နင် လင်းကို ကျောရရုံကြံသွားရင် အရင်ဆုံး ငါနဲ့စာရင်းရှင်းရမယ်မှတ်"
နှောင်းပြောတာကို သဘောကျစွာရယ်နေတဲ့ဦးကို ကြည့်ပြီး နှောင်းသက်ပြင်းချကာ
"လက်ထပ်တာထက် နင် အရင်ဆုံး လင်းကို ဘယ်လိုချော့ရမလဲဆိုတာကိုပဲ အရင်စဥ်းစားသင့်တယ်"
"အဲ့ဒါက နင်ငါ့ကို ကူညီမှပဲရမှာ"
"ငါက ဘာကို ကူညီရမှာလဲ"
ဒေါက် ဒေါက်
အခန်းတံခါးခေါက်သံကြောင့် နှောင်းနဲ့ဦး အခန်းတံခါးကို လှည့်ကြည့်လိုက်တော့ မောင်က အခန်းတံခါးဖွင့်ကာ ဝင်လာပြီး ထိုင်နေတဲ့နှောင်းနားမှာ မတ်တပ်ရပ်ကာ နှောင်းပုခုံးကို ဖွဖွလေးဖက်ထားကာ
